"ဇာမ်ရေ ဇာမ် ထတော့ဟ စာမေးပွဲသွားဖြေရဉီးမယ်"
မနက်စောစောစီးစီး စာကလေးငှက်အတိုင်း တဂျွီဂျွီနဲ့ နှောင်းအသံလေးကတော့ နားဝင်ချိုလှလိုက်တာမှ ဆက်အိပ်လို့ကိုမရ။
ဇာမ်မင်းဆက်က သူ့အိမ်ကိုစာမေးပွဲနီးပြီစာမရသေးဘူးဆိုတဲ့အကြောင်းပြချက်နဲ့ နှောင်းအိမ်ကိုလာနေနေတာ တစ်ပါတ်လောက်ရှိပီ။
ဒီနေ့စာမေးပွဲဖြေတာ နောက်ဆုံးဘာသာဖြေရမဲ့ရက်။ဒီရက်ပိုင်းအတွင်း ဇာမ်မင်းဆက်ရဲ့အချိုးမပြေမှုပေါင်းသောင်းခြောက်ထောင်ကို မြင်ရတွေ့ရနေရတာ စိတ်ကိုမကြည်ဘူး။ထမင်းစားပြီးရင်လည်း ပန်းကန်ဆေးရမှာပျင်းသေး ဒီက မမောမပန်းနဲ့သူစားဖို့ချက်ထားတာကိုမှ အားမနာ။စာလုပ်ဖို့လာနေတယ်ပြောပြီး လက်တွေ့မှာတော့ စာလုပ်ဖို့ဇွတ်တိုက်တွန်းနေရတာ။နောက်ကနေ ဖင်မနေတာတောင် ကိုယ်တော်ချောက အပျင်းတစ်နေလိုက်တာ။ခြေအိတ်တွေလဲ ဆိုဖာပေါ်ချွတ်ချင်သလိုချွတ်၊စားပြီးသားအမှိုက်ကိုလဲ စားပွဲပေါ်ဖြစ်သလို တင်ထားတာ။ဒီနှောင်းစစ်ဆိုတဲ့ ကျွန်ကြီးက အကုန်လိုက်ရှင်းနေရတယ်
အခုလဲကြည့် စာမေးပွဲကဖြေရတော့မှာ ဖြေမဲ့သူက အိပ်ယာက မထပြန်ဘူး
"ဇာမ်ပေါက်လို့ ထစမ်း"
"အင်း၅မိနစ် ၅မိနစ်"
(A/N)ခေါက်ဆွဲက ၃မိနစ်
လက်ငါးချောင်းထောင်ပြပြီးပြန်အိပ်သွားတဲ့ဇာမ်မင်းဆက်ကိုကြည့်ရင်း သက်ပြင်း၁ချက်ချလိုက်သည်။
"ဟူး မောင်ရေ ထတော့လေနော်
ငါတို့ကျောင်းသွားပြီးစာမေးပွဲဖြေရအောင် ဒီနေ့နောက်ဆုံးနေ့လေ လိမ္မာပါတယ်မောင်က ထနော်"အိပ်ရင်းမျက်နှာကြီးပြုံးကာ ပြန်ဖြေလာတဲ့စကားက
"အာဘွားပေး ကိုကို"
ပြောပြီးတော့ နှောင်းရဲ့ ပါးတစ်ခြမ်းကို နစ်နေအောင် အကြင်နာအနမ်းပေးလိုက်သည်။ပီးတော့ နှောင်းက ဇာမ်မင်းဆက် လက်နှစ်ဖက်ကို ဆွဲမကာ အိပ်ယာထက်မှထူရင်း ...
"ဇာမ်မင်းဆက် ထတော့ ငါရိုက်တော့မာနော် သွား..ဘေစင်ပေါ်မှာသွားတိုက်တံနဲ့သွားတိုက်ဆေးထည့်ထားပီးပီ။ပီးရင် ပေါင်မုန့်ယိုသုတ်ထားတယ်အဲ့တာစားလိုက်၊ငါအ၀တ်ထုတ်ထားလိုက်မယ် ပီးရင်ဝတ်လိုက် သွားလုပ်ချည်မြန်မြန်"
VOCÊ ESTÁ LENDO
မောင့်နှောင်းငယ် (Complete)
Romanceမောင့် အချစ်က ဘယ်က စတင်မှန်းမသိ ကိုကို့ရဲ့ ဂျုတီကုတ်အဖြူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အသားဖွေးဖွေးလေးကိုလား ဆေးထိုးအပ်ကိုင်တဲ့ လက်လှလှလေးတွေကိုပဲ စွဲလမ်းမိသွားတာလား လူနာတွေကို ဂရုတစိုက် ကြည့်ရှုပေးတတ်တဲ့ မျက်ဝန်းလှလှလေးတွေလား ကျွန်တော့်အချစ်က အစမရှိ အဆုံး...