Ep-33 uni

835 61 4
                                    

ဇာမ့်အမေ ခိုင်းထားတဲ့ အနက်ရောင်အနောက်တိုင်းsuitအပြည့်နဲ့လူတွေက သူ့ကိုဆွဲခေါ်သွားလေသည်။အတင်းရုန်းသော်လည်း နောက်ဆုံး အပေါ်ထပ်ကိုရောက်မှန်းမသိ ရောက်ရှိခဲ့လေပြီ။
သူ့ကိုအခန်းထဲထည့်ပြီး အပြင်ဘက်ကနေတံခါးသော့ခတ်လိုက်သည်။ဇာမ်တစ်ယောက် ဒေါသထွက်ထွက်နဲ့ အိပ်ခန်းထဲက ပစ္စည်းတွေကို ရိုက်ခွဲလိုက်သည်။အခန်းတစ်ခန်းလုံးဘာပစ္စည်းမှအကောင်းအတိုင်းမကျန်တော့။နောက်ပြီး ပြတင်းပေါက်တွေရှိရာကို သွားတော့လဲ ဘယ်ကတည်းကလုပ်ထားမှန်းမသိ။သံတွေနဲ့အထပ်ထပ်ကာရံထားသေး။နောက်ဆုံး ဘယ်လိုမှ ထွက်မရတော့သည့်အဆုံး အိတ်ကပ်ထဲက ဟန်းဖုန်းကို သတိတရနဲ့ထုတ်ကြည့်လိုက်တော့ ဟန်းဖုန်းကပါမရှိတော့။ဒါ မေမေ့လူတွေသူ့ကို အခန်းထဲဆွဲခေါ်လာတုန်းက ယူသွားတာဖြစ်ရမည်။ဒီလိုပုံစံအတိုင်းသာဆို ပြဿနာတွေလည်း အတော်ရှုပ်ထွေးနိုင်သည်။အိမ်မှာကျန်ခဲ့ရစ်သော သူကိုလဲစိတ်မချနိုင်။သူ့ဆီအတွေးရောက်တော့ နဂို ပြောင်းဆန်နေသောစိတ်တို့ ပိုလို့ပင်အရိုင်းဆန်လာရသည်။နှောင်းစစ်ကို သူစိတ်မချပါ။မာမီက အချိန်မရွေးသူ့ကို နှင်ထုတ်လိုက်နိုင်သည်။တစ်ယောက်တည်း ဘယ်လိုနေခဲ့ရမလဲ။တစ်ယောက်တည်းဘယ်လောက်ကြောက်လန့်နေရှာမလဲ။တစ်ယောက်တည်းဘယ်လောက်၀မ်းနည်းနေရှာမလဲ....စကားလုံးလှလှတွေနဲ့ သူ့အချစ်ကိုမဖော်ပြတတ်ခဲ့ပေမယ့် နှောင်းစစ်ကို သူအစစ်အမှန်ချစ်သည်။အသက်18ကျော်ကျော်လောက်မှာ ပထမဆုံးမြင်တွေ့ခဲ့ရသည့်အမျိုးသား...မြင်မြင်ချင်းအချစ်လို့ သူ၀န်မခံချင်လည်း၀န်ခံလာရပေမည်။နှောင်းနဲ့မတွေ့ခင် သူရည်းစားရှုပ်ခဲ့သည်။ချောလှပါပြီ လှရက်ပါပြီဆိုတဲ့ အမျိုးသမီးတွေလည်းသူတွေ့ခဲ့သည်။လူငယ်ငယ်ဆန်ဆန် ဆိုးခဲ့သည်။မိုက်ခဲ့သည်။ဒါပေမယ့် နှောင်းစစ်ကိုတွေ့တော့ သူ၀ါသနာမပါတဲ့ ဆေးပညာကို သင်ယူခဲ့တယ်။ပိုးပန်းရတာတွေမကြိုက်ပေမယ့် ဒီလူသားအချစ်ကိုပြန်ရဖို့ ၁နှစ်နီးပါးလုံးပန်းခဲ့တယ်။တစ်စုံတစ်ယောက်ကို ဂရုစိုက်ပေးဖို့၊ချစ်တတ်ဖို့တွေ နှောင်းစစ်ကသင်ပေးခဲ့တယ်။အချစ်ဆိုတဲ့အရာ အချိန်ကြာလာလေလေ ပိုချစ်လာပါလားဆိုပြီးသူသိခဲ့ရတယ်။ဇာမ်ဆက်တွေးနေရင် သူ့ကိုယ်သူ တစ်ခုခုလုပ်မိတော့မှာဆိုး၍ ဆိုဖာကိုမှီချလိူက်ပြီး မျက်လုံးနှစ်လုံးကိူလဲ တင်းတင်းစေ့ထားသည်။သွေးကြောတွေယှက်နေသော လက်ချောင်းတွေ လက်ဖျံတွေကလည်း နီရဲကာပွန်းပဲ့နေသေး။နောက်ပြီး ကော်ဇောအဖြူပေါ်သို့ သွေးတစ်စက်စက်ကျနေသေး...
​ရှည်လျားသော ခြေတံရှည်တို့ကို စားပွဲပေါ်သို့ပစ်တင်ထားလိုက်ပြီး သူ့စိတ်ကိုသူဖြေလျှော့နေလိုက်သည်။

မောင့်နှောင်းငယ် (Complete)Donde viven las historias. Descúbrelo ahora