Ep-30 uni

920 54 13
                                    

ဒီနေ့တော့သူတို့နှစ်ယောက်ရဲ့အမှန်တကယ်တစ်နှစ်ပြည့်တဲ့နေ့သို့ရောက်ရှိခဲ့လေပြီ။မှတ်မိပါသေးတယ်...ဂျစ်ကန်ကန်ကောင်လေးကို ယုံကြည်ပြီးချစ်ခဲ့တာတွေ၊ခွင့်မတောင်းဘဲကိုကိုခေါ်ခဲ့တာတွေ၊ခွင့်မတောင်းဘဲသူ့အနမ်းကိုယူခဲ့တာတွေရော၊အနောက်ကတစ်ကောက်ကောက်လိုက်ခဲ့တာတွေရော အရာအားလုံးဟာ မနေ့တစ်နေ့ကလို။ပထမဆုံးအကြိမ်ယောင်္ကျားတစ်ယောက်ရင်ခွင်ထဲမှာငိုခဲ့တယ်၊ပထမဆုံးအကြိမ်ယောင်္ကျားတစ်ယောက်ရင်ခွင်ထဲမှာရီမောခဲ့တယ်။ပထမဆုံးအကြိမ်ယောင်္ကျားတစ်ယောက်ကိုချစ်ခဲ့မိတယ်....နွေးထွေးမှုအပြည့်နဲ့ကာကွယ်ပေးနေတဲ့ထိုအမျိုးသားကိုသူ့ကိုယ်သူထက်ပိုချစ်မိသွားတယ်။ကိုယ့်ကိုပထမဆုံးအကြိမ်ခြိမ်းခြောက်တဲ့အမျိုးသားဟာသူဖြစ်သလို ကိုယ့်ရဲ့ပထဆုံးအကြိမ်ကိုလဲ သူနဲ့ပဲကုန်ဆုံးခဲ့တယ်။ဆိုးကန်ကန်ကောင်လေးတစ်ယောက်က သူဝမ်းနည်းနေတဲ့အခါမှာ ဘေးမှာရှိနေတယ်။သူကြောက်လန့်နေတဲ့အခါမှာ သူ့ကိုကာကွယ်ပေးခဲ့တယ်။သူစဉ်းစားဆုံးဖြတ်ရခက်နေတဲ့အခါမှာ သူကကိုယ့်ကိုစဉ်းစားဆုံးဖြတ်ပေးတယ်။night dutyနေ့တွေမှာ သူစိမ်းတစ်ယောက်ဆီကမုန့်လာပို့ခြင်းခံခဲ့ရတာလဲပထဆုံး။ကိုယ်နေမကောင်းရင်ဘေးကမထိုင်နာမထနိုင်စိတ်ပူပေးနေရှာတယ်..ခေါင်းပေါက်ရင်တောင်မမှုတဲ့သူကလေ။သူ့ရဲ့အချိန်တိုင်းကိုကိုယ့်အတွက်ပဲပေးထားတယ်။အရာတိုင်းလိုလိုသူကအလိုလိုက်တယ်။ထိုအမျိုးသားက တစ်ခါတစ်လေဂျီကျတယ်။တစ်ခါတစ်လေမှာအရွဲ့တိုက်တယ်။တစ်ခါတစ်လေမှာချွဲတယ်။ဒါပေမယ့်အန္တရာယ်နဲ့ကြုံလာရင်တော့သူကလူကြီးတစ်ယောက်လိုမျိုးရှေ့ကနေမားမားမတ်မတ်ရပ်တည်ပေးတယ်။နေရာတစ်ကာလက်ပါပြီး ဒေါသကြီးလွန်းတဲ့သူဟာ သူ့ကိုတစ်ကြိမ်ခါလေးတောင်မှ နာကျင်အောင်မလုပ်ခဲ့ဖူးပါဘူး။ကိုယ့်ကို။အမြဲပျော်အောင်ဖန်တီးပေးနေတဲ့ထိုအမျိုးသားကိုချစ်ခဲ့မိတဲ့အတွက်နောင်တရယ်လို့ရှိခဲ့မှာမဟုတ်ဘူး။ရှေ့ဆက်ရမဲ့လမ်းတွေအတွက်ထိုအမျိုးသားပါဖို့သာလိုသည်။

ဇာမ်တစ်ယောက်လိုအပ်သည့်ပစ္စည်းတွေကိုသေချာထည့်ကာ ထုတ်ပိုးလိုက်ပြီး ကားပေါ်သို့တင်လိုက်လေသည်။ကားဘီးလုံးတွေလေလျော့မလျော့လည်းစစ်ဆေးလိုက်သေးသည်။အားလုံးစစ်ဆေးပြီးကာမှ အိပ်ခန်းတံခါးကိုအသာဖွင့်လိုက်ပြီး ရေချိုးခန်းထဲသို့ဝင်လိုက်လေသည်။ရေချိုးကာပြန်ထွက်လာသည်အထိကုတင်ပေါ်ကကောင်လေးကမနိုးသေး။အိပ်ပျော်နေသော နှောင်းစစ်ကိုကြည့်ကာ တစ်ချက်ပြုံးလိုက်ပြီး ဗီရိုရှိရာသို့သွားလိုက်လေသည်။နောက်တော့ အင်္ကျီအဖြူရောင်လက်ရှည်ကို နည်းနည်းခေါက်လိုက်ပြီး အညိုရောင်ဘောင်းဘီအရှည်နဲ့တွဲဝတ်လိုက်လေသည်။သေချာမီးပူတိုက်ထား၍ ခေါက်ရာအတိုင်းသန့်ပြန့်နေလေသည်။လည်ပင်းကကြယ်သီး2လုံးကိုဖြုတ်ထားသဖြင့် အနည်းငယ်ဟိုက်နေသည်။နောက် ဇာမ်အမြဲဝတ်နေကျ နာရီကိုပတ်လိုက်ပြီး ရေမွှေးစွပ်လိုက်လေသည်။မှန်ကိုတစ်ချက်ကြည့်ပြီးစိတ်တိုင်းကျမှ ကုတင်နားသွားလိုက်ကာ

မောင့်နှောင်းငယ် (Complete)Donde viven las historias. Descúbrelo ahora