Ep-27 uni

842 60 26
                                    

မနက်မိုးလင်းတဲ့ထိ ဇာမ့်ရင်ခွင်ထဲမှာအိပ်မိသွားသည်။ကိုယ့်ထက်ငယ်တဲ့သူရဲ့ လက်မောင်းပေါ်မှာ တစ်ညလုံး အိပ်ခဲ့သည်ကို ပြန်တွေးရင်တော့ အနည်းငယ်ရှက်မိသည်။ဇာမ်က ခေါင်းအုံးအပေါ်မှာအိပ်နေပြီး လက်တစ်ဖက် ဆန့်ထုတ်ထားသည်။ထိုလက်ပေါ်မှာတော့နှောင်းအိပ်သည်။နောက်ပြီးကျန်လက်တစ်ဖက်က နှောင်းရဲ့ခါးကိုပွေ့ဖက်ထားသည်...

မိုးလင်းတော့လဲ နှောင်းကအရင်နိုးလာခဲ့သည်။စောစောထတတ်သည့်အကျင့်ရှိတာကြောင့် မျက်လုံးကပုံမှန်အိပ်ယာထချိန်တိုင်း အလိုလိုပွင့်လာခဲ့သည်။
ထို့နောက် သူ့ကိုပွေ့ဖက်ထားသော ရင်ဖက်တစ်စုံကို အသာအယာမွှေးလိုက်တော့ ဇာမ့်ကိုယ်သင်းနံ့လေးထွက်ပေါ်လာသည်။နှောင်းဇာမ့်ဆီကရတဲ့ ကိုယ်သင်းနံ့ကိုအမှန်တကယ်သဘောကျမိသည်။မိမိကိုယ်တိုင်ကလည်း ထိုအရာနဲ့အသားကျနှင့်နေပြီဖြစ်သည်။ထို့နောက် အိပ်ပျော်နေသော မျက်လုံးတစ်စုံ၊ပြေလျှော့နေသော မျက်ခုံးမွှေးတို့ကို နှောင်းလက်ဖြင့် အသာအယာ ထိကိုင်လိုက်တော့ သူ၏လက်များကနှောင်းလက်ကိုလာတားဆီးသည်။ဇာမ်မျက်ခုံးမွှေးတို့ကိုထိကိုင်နေသော လက်ကို ဇာမ့်လက်တစ်စုံက ဖမ်းဆီးထားပြီး...

"ငြိမ်ငြိမ်နေလေဗျာ ကျွန်တော်အိပ်နေတာကို"

ပြောပြီး နှောင်းလက်ကို သူ့ပါးပေါ်သို့တင်လိုက်သည်။နှောင်းဆုပ်ထားသည့် လက်သီးတစ်စုံကို ​ဖြန့်လိုက်ကာ ဇာမ့်ပါးကိုင်သေသေချာချာကိုင်လိုက်သည်။
ထို့နောက်..

"အင်းအိပ်လေ မင်းက ငါကထတော့မယ်"

နှောင်းခါးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်တော့ ဇာမ်မင်းဆက်ရင်ဖက်နဲ့ နှောင်းမျက်နှာနဲ့ နီးကပ်သွားလေသည်။

"မောင်လို့ခေါ် ကျွန်တော့်ကိုမောင်လို့ခေါ်"

"မခေါ်နိုင်ပါဘူး သူကျသူများကိုခင်ဗျားတဲ့"

ထိုအခါ ဇာမ်မင်းဆက်က သူ့ရင်ဖက်နားက နှောင်းစစ်နဖူးကိုငုံနမ်းလိုက်ပြီး

"မောင်ကဒေါသထွက်သွားလို့ပါဗျာ"

"အဲ့ဒါနဲ့ခွင့်လွှတ်ရမှာလား"

မောင့်နှောင်းငယ် (Complete)Onde histórias criam vida. Descubra agora