Bond of Love : 1

9.1K 268 106
                                    

Unicode

ဆိတ်ငြိမ်ရပ်ကွက်ကြီးက လမ်းမီးတိုင် ဝါကျင့်ကျင့်တွေအောက် ညအမှောင်တွင်တောင် ထိန်နေသည်။ကားဘီးလှိမ့်သံက တစ်လှမ်းလုံးကြားလုလုဆိုသော်ငြား ကျယ်ဝန်းတဲ့ခြံရဲ့ ထုထည်ကိုတော့ မကျော်နိုင်ခဲ့။ထို့အတူ နီးကပ်လာတဲ့ ထိုဇိမ်ခံကားကြီးဟာ လမ်းအဆုံးရှိ သုံးထပ်တိုက်ကြီးထံတွင် စက်ရှိန်သက်တော့သည်။ထိုကားထဲတွင် တစ်ဦးမျှသာ ပါပြီး ထိုလူသားရဲ့အကြည့်တွေက ရွှန်းလဲ့ဝင်းပနေသည်မှာ ကြယ်တာရာနဲ့အပြိုင်။အပြုံးနုနုဟာလည်း မရပ်တန့်ခဲ့ချေ။

တစ်အိမ်လုံးမဲမှောင်ကာ အပ်ကျသံပင်ကြားရသည့်အလား တိတ်ဆိတ်နေသည်။ညနက်ကြီးဖြစ်သလို အိပ်ပျော်နေလောက်ပြီဖြစ်တဲ့ချစ်ရတဲ့လူသားက မီးလင်းရင်မနေတတ်တာမို့ တအိမ်လုံးမှောင်နေတာ။ဖုန်းမီးရဲ့အကူညီနဲ့ လှမ်းတက်လာတဲ့ ခြေလှမ်းတွေက လှေကားတွေ တဆင့်ပြီးတဆင့်ဖြတ်ကာ အခန်းတစ်ခုစီသို့ ဦးတည်နေသည်။

ဒီနေ့က သူတို့ရဲ့နှစ်ပတ်လည်နေ့ဖြစ်သည်။ချစ်သူသက်တမ်းအပါ အိမ်ထောင်သက်တမ်းပါ ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာခဲ့တဲ့နေ့။ပြည်ပသို့ ရက်ပိုင်းသွားခဲ့ရပြီး မပြောမဆို အကြောင်းမကြားဘဲ ပြန်လာတာဖြစ်သည်။

ကိုကိုသာ သိရင် သိပ်ပျော်နေမှာ ~

လက်ထဲကပွေ့ပိုက်ထားတာ အဝါရောင်နှင်းဆီပွင့်ကြီးတွေကလည်း ထုံသင်းကာ ပြုံးပျော်စေပါသည်။

နောက်ဆုံး ခြေစုံရပ်မိတဲ့အခန်းရှေ့။အလိုလိုလက်ဗွေစနစ်ထည့်ထားပြီးသားမို့ ခေါက်စရာမလိုဘဲ အသာတွန်းဖွင့်လိုက်သည့်အခါ အလင်းရောင်စူးစူးက ဆီးကြိုပြုသည်။

ကိုကို မအိပ်သေးဘဲ အလုပ်လုပ်နေတယ် ထင်ပါရဲ့~

ကြမ်းပြင်ဖြူဖြူမှတဆင့် ကုတင်ကြီးဆီသို့ တဖြည်းဖြည်းကျူးကျော်မိတဲ့မျက်ဝန်းတွေနဲ့အတူ မြူးရွှင်နေတဲ့အသံချိုမြမြ...

"Happy 10 years Anniversary ...!"

ဘုတ်!

အဝါရောင်နှင်းဆီပန်းတွေဟာ အရှိန်ပြင်းပြင်းပြုတ်ကျမှုကြောင့် တကွဲတပြား လွင့်စင်ကုန်သလို အပြုံးတွေ ပျောက်ကွယ်ကာ မျက်ရည်တို့ပြည့်နက်လာတဲ့ပိုင်ရှင်ရဲ့ ရင်အစုံဟာလည်း ကြေမွလျက်။

BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )Where stories live. Discover now