Unicode
"ကျွန်တော့်ဆီကို ဘာကိစ္စရှိလို့လဲ အန်ကယ်~"
ပုံမှန်နဲ့ခြားနားစွာတင်းမာနေသည့်အသံ။နူးညံ့မှုတစ်စုံတစ်ရာမပါဘူးဆိုတာထက် မပတ်သတ်ချင်တဲ့သူတွေအား ထပ်ခါထပ်ခါတွေ့ရတဲ့အခါ စိတ်ရှုပ်စွာထွက်လာသလိုမျိုး။ရှေ့ကလူသည် ရင်းနှင်းမှုမမည်တဲ့ တစ်ကြိမ်မျှသာတွေ့ဆုံခဲ့ဖူးသည့်သူဖြစ်သည်။နှစ်ယောက်လုံးဟာ မျက်နှာချင်းဆိုင်တွင် ထိုင်နေကြကာ တစ်ဦးမျက်နှာတစ်ဦးကြည့်နေကြသည်။တောင်းဆိုသလိုအကြည့်မှိန်းမှိန်းတို့အား ဂျောင်ကုက ဥပေက္ခာပြုသလိုသာကြည့်သည်။
"သားငယ် ~"
"ခဏလေး အန်ကယ်~ သူ့အကြောင်းပြောမယ်ဆို အန်ကယ်ရဲ့အချိန်တွေပဲ ကုန်သွားပါလိမ့်မယ် ~"
ဂုဏ်ရှိန်ကြီးသူရဲ့အသံသည် ကြားဖူးခဲ့သလိုမျိုးမဟုတ်ပါဘဲ ဖျော့တော့နေသည်။ဘာကြောင့်လာတယ်ဆိုတာလည်းသိပါသည်။အရင်ကလည်း ပတ်သက်သူတွေဟာ လာခဲ့ပေမယ့် ဂျောင်ကု ပြတ်ပြတ်သားသားငြင်းထုတ်ပစ်တာ။အခုကတော့ လူကြီးဖြစ်သည်မို့ အားနာစိတ်လေးနဲ့ တလေးတစားဧည့်ခံနေရသည်။သို့သော် အဖြေကပြောင်းမှာမဟုတ်သည်မို့ ဂျောင်ကုက လက်ကာ ကာ အရင်ဆုံးပြောတော့ ကင်မ်သူဌေးက မျက်နှာမကောင်း။
"မျက်နှာပြောင်တိုက်တယ်ပဲပြောပြော ငါးမိနစ်လောက်တော့အချိန်ပေးပါ~"
ဂျောင်ကုက ပြန်မပြောဘဲ ခေါင်းညိတ်လိုက်လျှင်ပဲ ထိုသူဌေးက မျက်နှာလက်သွားကာ...
"သားငယ်ကို လိုက်ကြည့်ပေးလို့ရမလားကွယ်~"
"အန်ကယ်အပါအဝင်ဆို ဒါက ၁၅ကြိမ်မြောက်ရှိပြီ အန်ကယ်! ကျွန်တော် သူ့ကိုသိပ်ချစ်ခဲ့ပါတယ်! ဒါပေမယ့် စိတ်နာတယ် ! ကျန်တာအားလုံး ခွင့်လွှတ်နိုင်ပေမယ့် ကျွန်တော့်သိက္ခာကို ကျွန်တော့်မိသားစုရှေ့မှာချနင်းပြီး အနိုင်ယူတာတော့ လက်မခံနိုင်ပါဘူး!"
ဂျောင်ကုက အားမနာဘဲပြောသည်။ဖခင်ဖြစ်သူရှေ့ပြောဖို့မသင့်ပေမယ့် သူခံစားရတာနဲ့ယှဉ်ရင်မပြောပလိုက်ပါဘူး။အစမကောင်းခဲ့တဲ့ သူတို့နှစ်ယောက်က ချစ်သူတွေဖြစ်ခဲ့ကြပေမယ့် အနှောင်းမှာတော့ ဒီလိုအဆုံးသတ်သွားခဲ့တာပဲလေ။ဂျောင်ကုဟာ ခွင့်လွှတ်အနစ်နာခံပေးရမယ်ဆိုလျှင်လည်း အတိုင်းအစမရှိသလို စိတ်နာပြီဆို ဘယ်လောက်ချစ်ချစ် လှည့်ကြည့်တတ်သူမဟုတ်။
ESTÁS LEYENDO
BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )
FanficTop : Kim Taehyung Bottom : Jeon Jungkook Start Date : 14 . 8 . 2023 End Date : 27 . 1 . 2024 #Nectarine #I don't own photos that contain in this fic.