Unicode
ကြည်လင်နေသည့်တေးသံသာများက ဝန်းရံနေသည်။ထူးဆန်းသည့်နေရာတစ်ခုတွင် ထယ်ယောင်းရောက်နေသလို ထိုအသံများက ရောပြွန်စွာ စုဝင်လာသည်။အသံလာရာသို့ ဝေ့ကြည့်မိတိုင်း ပိုင်ရှင်ဟာ ရိပ်ခနဲပျောက်သွားပြန်သည်။ဝေဝါးနေတဲ့ပုံရိပ်ယောင်တွေက ထယ်ယောင်းကို မူးနောက်စေသည်။ထူးခြားသည်က ပုံရိပ်ယောင်သည် ပန်းနုရောင်လေးဖြစ်သလို အသံလေးဟာ ရင်းနှီးလွန်းသည်။
"ဘဝင်မြင့်တဲ့ လူကြီးမင်း~"
"လူလည်ကြီး~"
"လူလည်လေးရဲ့ ယောကျ်ားလေ~"
ထပ်တိုးဝင်လာတဲ့ ရယ်သံစွတ်သည့်အသံက လူမမြင်ရပေမယ့် အိပ်မက်ထဲက ထယ်ယောင်းနဲ့တူတဲ့သူရဲ့အသံဆိုတာသိသည်။သို့သော် ပိုသိချင်တာက ပန်းနုရောင်လေးပဲ!
"မင်းကြီး~"
"ရှိကြောင်းပါဗျာ ~"
"ကျွန်တော်က မင်းကြီးကို အရမ်းချစ်တာ သိတယ်မလားဟင်~"
"ဘယ်သူလဲ ? "
နီးကပ်လာတဲ့ အငွေ့တွေကအမြင်တွေမှားစေပေမယ့် ပိုပြတ်သာရလာတဲ့အသံကြောင့် နီးကပ်လာမှန်းသိသည်။ထိုအရိပ်လေးအား ထယ်ယောင်းဖမ်းဆုပ်တော့ ပျောက်ကွယ်သွားပြန်သည်။ထို့အတူ ဆူးနစ်လာသည့် ရင်ဘက်တစ်နေရာ။
"ဟာ့!"
ရင်ဘက်အား အုပ်ကိုင်လျက် ထထိုင်မိသည်။ချွေးတွေရွှဲနစ်နေကာ အသက်ရှူသံတွေပြင်းထန်လျက်။ခုရက်ပိုင်း အိပ်မက်တွေက ဆက်တိုက်လိုဖြစ်လာသည်။အိပ်မက်ဆိုတာထက် ထိုနေရာကို ထယ်ယောင်းကိုယ်တိုင်းရောက်သွားသလိုမျိုး။လန့်နိုးလာတဲ့အခါတိုင်းလည်း တင်းကြပ်နေကာ အမာရွတ်တစ်နေရာက အသည်းခိုက်မတတ်နာကျင်သည်။
"ဘာတွေလဲကွာ ~ အဲ့အသံတွေက ဘာလို့ဦးငယ်နဲ့ တူနေတာလဲ?အဲ့ဝတ်ရုံနဲ့အသံပိုင်ရှင်က ဘာလို့ပျောက်နေတာလဲ~ပြီးတော့ ငါနဲ့တူတဲ့ အဲ့ဒီမင်းကြီးဆိုတဲ့ကောင်ကရော?"
ပွယောင်းယောင်းဆံပင်တွေအား ဆုပ်ကိုင်လျက် အသံထွက်ရုံမျှရေရွတ်လိုက်သည်။ကိုယ့်ကိုယ်ကို ထိုအိပ်မက်ထဲမှာ ပါဝင်ပတ်သက်နေသူလို့ ခံစားလာရသည်။အယုံအကြည်မရှိပေမယ့် တိုက်ဆိုင်တာကြီးကလည်း ထူးဆန်းနေသည်မဟုတ်လား။
YOU ARE READING
BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )
FanfictionTop : Kim Taehyung Bottom : Jeon Jungkook Start Date : 14 . 8 . 2023 End Date : 27 . 1 . 2024 #Nectarine #I don't own photos that contain in this fic.