Unicode
"ဘာလိမ်ထားတာရှိသေးလဲ?"
အိမ်ထဲရောက်ရောက်ချင်း စီးကြိုလိုက်တဲ့စကား။ဒေါသသံတွေပါနေသလို ခံပြင်းစိတ်တွေပါထင်ဟပ်နေသည်။ရုတ်တရက်မို့ ထယ်ယောင်း ဘာပြောရမှန်းမသိတော့ ဦးငယ်က ထိုင်ရာကနေ ထရပ်လာကာ သူ့အား စိမ်းစိမ်းကားကားကြည့်လာသည်။
"မေးနေတယ်လေ ! ငါ့လို ငတုံးက မင်းဘာပြောပြောယုံနေကြဆိုတော့ ဘယ်လောက်တောင်ထပ်ပြီးလှည့်စားဖို့ရှိသေးလဲလို့!"
"ကျွန်တော့်ဘဝမှာ လိမ်ဖူးတာဆိုလို့ ဦးငယ်အနား မရိုးမသားချဉ်းကပ်တာပဲရှိတယ်!"
"ဒါဆို အခုကရော ?"
ဂျောင်ကုနှုတ်ခမ်းထောင့်လေးတွေ ကော့တတ်သွားသည်။ကျေနပ်လွန်းလို့တော့မဟုတ်။စကားကို ကျွမ်းကျင်စွာလှည့်ဖြားပြောတတ်သူကြောင့် အမြဲတမ်းယုံမိတဲ့ ကိုယ့်ကိုယ်ကိုတွေးမိလို့သာ။မျက်ခုံးတန်းသွယ်တို့ ပင့်ကာ မထီမဲ့မြင်ပုံနဲ့မေးတော့ ခါးထောက်လိုက် လမ်းလျှောက်လိုက်လုပ်သည်။
"မလိုအပ်လို့ ! စကားထဲထည့်ပြောဖို့အထိ အရေးမပါလို့ မပြောခဲ့တာ!"
"အရေးမပါလို့ဟုတ်လား!စေ့စပ်ထားတာတောင်လေ ! အဲ့လူကလည်း ငါ့ရဲ့ တူမတဲ့! အစတည်းက သိနေတာလား?"
"မသိခဲ့ဘူး! အစတည်းက သိခဲ့ရင် ခုချိန် ဦးငယ်က ကျွန်တော့်ယောကျ်ားဖြစ်နေပြီ!"
ထယ်ယောင်းမသိခဲ့ရိုးအမှန်။အစတည်းကသာ သိခံ့ရင် ခုလိုပြသနာဆိုတာ ရှိလာမှာမဟုတ်ဘူး။ဒီကောင်ကိုယ်တိုင်ကလည်း လိုတာ။မျိုးရိုးတူနေတာတောင် သတိမထားမိခဲ့တာ။ပြီးတော့ စရိုက်လက္ခဏာချင်းက မိုးနဲ့မြေလို ကွာခြားလွန်းနေသည်မလား။ဦးငယ်က ငဲ့သလောက် တူမဖြစ်သူကတော့ အတ္တကြီးလွန်းသည်။ပြီးတော့ အဲ့အတ္တကို ထပ်ပိုးပေးနေတဲ့ ဖွား။ဖွားက မသိမသာနဲ့ ကြိုးကိုင်နေတာ!
ဖွားရဲ့ ပံ့ပိုးမှုနဲ့ ဂျွန်ဆိုရာက ပိုဆိုးလာနိုင်သည်။ထယ်ယောင်းရဲ့အသံက စိုးရိမ်မှုတွေပါနေကာ သက်ပြင်းလည်း ချနေမိတာအခါခါ။ဦးငယ်ကတော့ ဒီကောင်ပြောသမျှကို တစ်စိုးတစ်စိမျှလက်မခံတော့။
YOU ARE READING
BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )
FanfictionTop : Kim Taehyung Bottom : Jeon Jungkook Start Date : 14 . 8 . 2023 End Date : 27 . 1 . 2024 #Nectarine #I don't own photos that contain in this fic.