Bond of Love : 42

2.8K 163 88
                                    

Unicode

မီးရောင်စုံများက နီဆွေးဆွေးမျက်နှာထက် ဖြတ်ပြေးနေသည်။ဘားကောင်တာထက်က ရေခဲစိမ်ထားတဲ့ ဘရန်ဒီရဲ့အစွမ်းကလည်း တရိပ်ရိပ်နဲ့တက်လာသည်။ညစ်လေ သောက်လေမို့ သောက်လေ မူးလေဖြစ်လာသည်။အိမ်ပေါ်ကနှင်ချခံရတာမဟုတ်ပဲ ကိုယ့်ခြေထောက်နဲ့ကိုယ်ဆင်းလာတဲ့အဖြစ်။ဘေးအခန်းမှာ အိပ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်သလို အိပ်ပျော်မည်လည်း မဟုတ်။အဲ့တော့ အကောင်းဆုံးက အမူးသောက်ပြီးမှောက်ပလိုက်တာပါပဲ။

အစက ဟိုကောင်တွေကို ဖုန်းဆက်ပြီး ခေါ်မလို့ပါပဲ။အရင်စောရောက်နေတဲ့ကောင်တွေက သူမခေါ်ခင် ဦးသွားတာမို့ ထယ်ယောင်း ညစ်ညစ်နဲ့ဝင်joinဖြစ်လိုက်သည်။ရောက်တော့လည်း ဟိုကောင်တွေက သူ့ရဲ့လငမုတ်ဖမ်းနေတဲ့မျက်နှာကြောင့် ဝိုင်းမေးတာမို့ ရှင်းပြရသေးသည်။

"အဲ့တော့ မင်း အခန်းပြင်တင်မကဘဲ clubထိရောက်ချလာတယ်ဆိုပါတော့~"

အရည်ဝင်လာတော့ စကားသွက်လာတယ်ပြောရမလား ယွန်းဂီကပါဝင်မေးလာသည်။ထယ်ယောင်း ခေါင်းငိုက်စိုက်နေရင်းမှ ခပ်လေးလေးညိတ်ပြလိုက်သည်။ထိုအခါ ဘေးကဆော့ဂျင်ကပါ သူ့ခွက်ထဲ ဘရန်ဒီငှဲ့ပေးလာကာ...

"သောက်ကွာ ~ ငါတို့ကောင်ကြီးအတွက် နှစ်သိမ့်တဲ့အနေနဲ့~"

"ဟျောင့်တွေ ~ လှိမ့်မမြှောက်ကြနဲ့ ငါတို့ရဲ့လောက်ကြင်ကြီးကို ~"

"နေဦး ဘာလဲ လောက်ကြင် ?"

စကားဝှက်လိုလို ဘာလိုလိုနဲ့ ဟိုဆော့စကားကို နမ်ဂျွန်းနားမလည်တာမို့ မေးခွန်းထုတ်ရသေး။ဘာလဲ ဒီကောင် ! မူးလာရင် ဘာသာစကားတောင် ပြောင်းသွားတာလား !

"ကင်မ်နမ်ဂျွန်းတို့ သိချင်တာဆို ဇွတ်သိပြီး ဒါကျမသိတော့ဘူး ~ လောက်ကြင်ဆိုတာ လင်ကြောက်ကိုပြောတာ ဟဟားး!"

"သားကြီး မင်းနာမည်က မိုက်တယ်ကွာ ~"

နမ်ဂျွန်းကို ပြောရင်း ဝိုင်းဟားကြတာမို့ ထယ်ယောင်းခေါင်းထောင်လာကာ မျက်မှောင်ကျုံ့လိုက်မိသည်။ကင်မ်ထယ်ယောင်းလိုကောင်မှာ အကြောက်တရားဆိုတာမရှိ။ဘာကို လင်ကြောက်ရမှာတဲ့လဲ။ဒီကောင်က ချစ်တာ!

BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )Where stories live. Discover now