Unicode
ဆေးရုံပြန်ဆင်းတဲ့ပထမဆုံးရက်ဖြစ်သည်။အမှားလုပ်ထားသူက ဂျောင်ကုမဟုတ်တဲ့အတွက် အားငယ်နေစရာမလို။ဒီရက်ပိုင်းတွင်း ဂျီမင်ရဲ့ ဖြောင်းဖျမှုတွေကြောင့် အသိစိတ်ကပ်လာတယ်လို့ပြောရမလား ခွဲခြားသိမြင်လာသည်။မြင်နေတွေ့နေရမှာကို ရှောင်ပုန်းနေလည်းအပိုပဲလေ။မျက်နှာချင်းဆိုင်တွေ့တော့ ဂျောင်ကုက သူတို့မော်ကြည့်ရမယ့်သူပဲဟာ။
ဟုတ်လို့ကျော်တဲ့ဒီသတင်းက ဆေးရုံတစ်ခုလုံးလည်းခုဆိုပျံ့နေသလို ဂျောင်ကုကိုပင် ဝိုင်းအားပေးကြသည်။တီးတိုးစကားတွေကြားနေရပေမယ့် အရေးတယူတော့လုပ်မနေ။ကိုယ့်ဘက်က မှန်တာမို့ အားလုံးက ကိုယ့်ဘက်မှာ။
"ဂျောင်ကု ~ သွားမယ်လေ ကန်တင်းကို ~"
ခွဲခန်းထဲက ထွက်ကာ သန့်ရှင်းလို့ပြီးပြီးချင်း ထမင်းစားဖို့လာခေါ်တဲ့ဂျီမင်။အရေးပေါ်ဌာနကမို့ စားချိန်အိပ်ချိန်က နှစ်ယောက်လုံးမမှန်။အချိန်ရရင် ရသလိုနားရတာဖြစ်သည်။အခုလည်း ည၈နာရီပင်ဖြစ်နေပြီ နေ့လည်စာမစားရသေးဘူးလေ။လူနာတွေက ဆက်တိုက်မို့ နှစ်ယောက်လုံးခုမှနားရတာ။ဗိုက်ထဲမှာလည်း သံစုံတီးဝိုင်းကမြည်နေလေပြီ။သို့သော် ဂျောင်ကုက ထိုအရာကို လစ်လျူရှုလိုက်သည်။
ထပ်နောက်ကျသွားလို့ ဘာမှမဖြစ်ဘူးမလား!
အဲ့အရာထက် အရေးကြီးတာကရှိနေသေးသည်လေ!အတွေးနဲ့အတူ ရေစိုနေတဲ့လက်ကို သုတ်လိုက်ကာ...
"အာ သွားနှင့် ဂျီမင် ~ ငါ ဟိုကလေးဆီခဏသွားအုံးမယ် ~ အဆိုးလေးက ငါမှ ဆေးမတိုက်ရင် မသောက်ဘူးဆိုပြီး ဂျီကျနေလို့ ~"
"အင်း ~ ပြီးရော ~ မင်းက အသားများများမလား ~ ငါ ကြိုယူထားပေးမယ် ~"
ခေါင်းညိတ်ကာ ထွက်သွားတဲ့ဂျီမင်။ဂျောင်ကုလည်း အချိန်မဆွဲပဲ ထိုငဂျစ်ကလေးရှိရာသို့ ဦးတည်လိုက်သည်။Duty coatအဖြူရောင်လေး တလွင့်လွင့်နဲ့ဂျောင်ကုရဲ့ခြေလှမ်းတွေက အရင်လိုတက်ကြွနေဆဲဖြစ်သည်။
.
.
ဒုန်း!စားပွဲပေါ်သို့ အားထည့်ကာ ဆောင့်ချလိုက်တဲ့ လင်ဗန်းသံကြောင့် ကန်တင်းရှိလူအကုန်ရဲ့အာရုံတွေက ထိုနေရာသို့ရောက်လာသည်။ဒါလည်း ဂျီမင်တို့က ဂရုမစိုက်ပါဘူး။မတွေ့ချင်တဲ့ ကျက်သတုံးကို တွေ့လိုက်ရတော့ စိတ်က ဘယ်ကြည်ပါတော့မလဲ။နဂိုတည်းက သူငယ်ချင်းထိရင် ဓားကြည့်ဆိုတဲ့သူမျိုးမို့ ငြိမ်မနေနိုင်တော့ နှုတ်ခမ်းကိုမဲ့ကာ ...
![](https://img.wattpad.com/cover/281378799-288-k481590.jpg)
YOU ARE READING
BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )
FanfictionTop : Kim Taehyung Bottom : Jeon Jungkook Start Date : 14 . 8 . 2023 End Date : 27 . 1 . 2024 #Nectarine #I don't own photos that contain in this fic.