Bond of Love : 13

1.8K 182 59
                                    

Unicode

"ငရှုပ်လေးရောက်လာပြီလား?"

Reception ဘက်ကနေ ချိုးဝင်လာတဲ့ ခြေတံရှည်တွေက ခပ်ကြဲကြဲပေမယ့် တစ်လှမ်းစီတိုင်းမှာ အကြည့်မလွဲချင်စရာဖြစ်သည်။အသက်နှစ်ဆယ်စွန်းကာစ ခပ်ချောချောသူဌေးသားလေးဟာ နေ့တိုင်းနီးပါး ဆေးရုံကြီးကို ဝင်ထွက်နေကျဖြစ်သည်။လာတိုင်းလည်း အထုပ်ကြီး အထုပ်ငယ်နဲ့ အရေးပေါ်ဌာနဘက် တန်းနေအောင်လာတတ်သည်။

တွေ့ပါများတော့ အထူးအဆန်း အံ့ဩမနေတော့။လက်ကို လှမ်းပြကာ ဂျီမင်က ထိုကောင်လေးအား နှုတ်ဆက်သည်။

"ရောက်လာလို့ မြင်တာပေါ့!"

"ဟ မင်းကလည်းကွာ ~ အငြိုးကလည်း ကြီးပ!"

"မျက်နှာကြီးမျိုးမို့ အငြိုးက ကြီးသလို အချစ်လည်းကြီးတယ်~"

အဆင်သင့်ရှိနေတဲ့ ခုံတန်းရှည်တွင် အထုပ်တွေချကာ ဝင်ထိုင်ရင်း ခပ်တည်တည်ပြောတော့ ဂျီမင်ကပါ ဝင်ထိုင်သည်။ဒီငရှုပ်လေးက အခုထိ ဂျီမင်ကိုမကြည်သေး။သူနဲ့ ဂျောင်ကုကြား ဝင်နှောက်လို့ အခဲမကြေတာ။စကားကို ဘယ်တော့မှအကောင်းမပြော။သူ့ဦးငယ်ရှေ့ကျ မခုတ်တတ်တဲ့ကြောင်လို ချွဲနေတော့တာ။အခုကျ မျက်နှာက တစ်လောကလုံး သူ့လုပ်စာစားနေရသလို တည်တင်ပြီး မော်ချီနေတာ။နာရီကိုလည်း တကြည့်ကြည့်နဲ့ ဂျွန်ဂျောင်ကုကိုပဲ အသက်ပါတဲ့ ကောင်လေး!

"ဦးငယ်က အခု break time မဟုတ်ဘူးလား?"

"ဟုတ်တယ်~ ဒါမယ့် အကြီးစားoperation တစ်ခုဝင်နေတာ ~ နောက် သုံးနာရီလောက်ကြာမှာ~"

"ခွဲစိတ်မှုက အဲ့လောက်ကြာလား?"

ထယ်ယောင်းက နာရီကို ပြန်ကြည့်ရင်း မျက်ခုံးတန်းတို့ ထိလုနီးနီးစုကျုံ့ပစ်လိုက်သည်။ဦးငယ်ရဲ့ schedule ကို သိသည်။ဒီနေ့လည် ၁၂ခွဲဆိုတာ ဦးငယ် ထမင်းစားနားချိန်လေ။ဒါကြောင့်လည်း ထယ်ယောင်းက ဒီအချိန်လေး ခဏပြေးတွေ့တာ။အခုက မနားရပါဘဲ နောက်ကျတဲ့အထိ ခွဲခန်းမှာရှိနေအုံးမှာတဲ့။အဲ့အချိန်ဆို ဦးငယ် ဗိုက်ဆာနေမှာ။

အလုပ်က အလုပ်ဆိုပေမယ့် ခဏခဏအစာလွန်ရင် ဦးငယ်ဘဲ ထိခိုက်မှာ။ဒီမှာက ဆရာဝန်တွေပေါတာပဲ။တခြားဆရာဝန် ထည့်ပါလား။တစ်ခါလာလည်း ဦးငယ်မပါရင်မပြီး!

BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )Where stories live. Discover now