Bond of Love : 4

2.2K 193 104
                                    

Unicode

"တကယ်တော့ ကျွန်တော့်မှာ သွားစရာမရှိဘူး ~"

"ဘာရယ် ~"

တအံ့တဩဖြစ်သွားတဲ့ အဖိုးကြီးပေါက်စပုံကိုကြည့်ရင်း ထယ်ယောင်းရယ်ချင်စိတ်ကိုထိန်းထားရသည်။တကယ်ကို ရိုးသားတဲ့သူလို့ပြောရမလား ထယ်ယောင်းပြောတာကို အဲ့လိုမျက်လုံးဝိုင်းတွေဖြစ်သွားကတည်းက သိပ်လှည့်စရာမလိုမှန်းသိသည်။သို့သော် ထယ်ယောင်းက အစောကတည်းထက် မျက်နှာကိုငယ်ကာ ခေါင်းကိုငုံ့ချရင်း...

"ဟုတ်တယ် ဦးငယ် ~ ကျွန်တော်က တစ်ကောင်ကြွက်ပါ ~ လက်ရှိနေတဲ့အိမ်ကလည်း လပြည့်လို့ဆင်းပေးလိုက်ရပြီ ~ အလုပ်ကလည်း လောလောဆယ်ရှာတုန်းမလို့ ကြံမိကြံရာလုပ်လိုက်တာပါ ~ဆေးရုံမှာ တစ်ရက်လောက်နေရလည်း မဆိုးဘူးဆိုတဲ့စိတ်နဲ့ပါ~"

"Drama တွေလာမခင်းနဲ့ ~ မင်းကို Clubမှာတွေ့တုန်းက အဲ့ရုပ်မဟုတ်ဘူး ~ မိဘလည်းရှိတယ်ဆို~"

သူ့ပုံစံနဲ့ ဒီအခြေအနေဆိုတာ ယုံစရာလား။

ဒီကောင်လေးက ဂျောင်ကုကို ငတုံးထင်နေလားမသိ ဟွန့် !

Clubမှာတွေ့တုန်းကကျ ဝတ်ထားတဲ့ဝတ်စုံက လုံးဝနာမည်ကြီး brand။မျက်နှာကလည်း တစ်လောကလုံး သူ့လုပ်စာစားသလိုမျိုး ချေမိုးနေတာ။မိဘလည်း ရှိတယ်လို့သူ့ကိုယ်တိုင်ပြောခဲ့တာဟာ။သေချာပေါက် မိဘလုပ်စာထိုင်ဖြုန်းနေတဲ့ rich kidမှန်းသိတာကို လာလိမ်ချင်သေး။

ရပါလိမ့်မယ် အားကြီးကြီး!

"ကျွန်တော်က အဲ့တုန်းက ဦးငယ်ကို စလိုက်တာပါ ~ အဲ့တာ ကျွန်တော် အချိန်ပိုင်းလုပ်တဲ့နေရာလေ ~ "

"မသိချင်ဘူး ဘာပဲဖြစ်ဖြစ် ~ ဒါက ပြည်သူ့ဆေးရုံ ~ ဘာမှမဖြစ်တဲ့လူတစ်ယောက်ရှိနေရမယ့် နေရာမဟုတ်ဘူး ~ မင်းတစ်ယောက်ကြောင့်နဲ့ တကယ့်လူနာတစ်ယောက်ဒုက္ခမရောက်စေချင်ဘူး ~"

"ဟုတ်သားပဲ ထယ်ယောင်းရာ ~ မင်းနေစရာမရှိလည်း ငါ့အိမ်မှာ လာနေလေကွာ ~"

ခုထိဇွတ်ငြင်းနေသူက ဆရာဝန်ပီသပါပေတယ်။ဒီကြားထဲ ဟိုကောင်ဟိုဆော့က ကြားထဲကနေ မီးလောင်ရာလေပင့်သေး။ဒီကောင် တမင်တကာ သိရက်နဲ့ ထယ်ယောင်းအကြံကို ဝင်နှောင့်နေတာ။ခေါင်းငုံ့ထားရာကနေ မျက်လုံးပင့်ကာကြည့်တော့ သူက ကိုယ့်ထက်ပိုဆိုး။ရယ်ချင်နေတာကို အောင့်အီးထားတာ မျက်နှာပင်နီနေပြီ။ထယ်ယောင်းဆေးရုံကုတင်ပေါ်ကနေ ဟိုအဖိုးကြီးပေါက်စမသိအောင် လက်ခလယ်ထောင်ပြရင်း အဖိုးကြီးပေါက်စကို မော့ကြည့်လိုက်သည်။

BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )Where stories live. Discover now