Bond of Love : 6

2.2K 193 93
                                    

Unicode

Ring~~

အဝတ်လဲခန်းထဲတွင် ရှိနေရင်းမှ ပြန်ထွက်မယ်လုပ်တုန်း မြည်လာတဲ့အသံကြောင့်ကြည့်မိတော့ ဖွားဖြစ်နေသည်။

"Hello ဖွားပြော !"

"ဖွားမဟုတ်ဘူး ~ ယောင်းရဲ့သတို့သမီးလောင်း!"

"ကျစ်!"

တစ်ဖက်က ဖွားမဟုတ်တဲ့အသံကြောင့် စိတ်ပျက်စွာ ကျစ်သပ်မိသည်။ဆိုရာက အဖွားနဲ့ အတော်ရင်းနှီးနေပုံပေါ်သည်။ဖွားဖုန်းကိုတောင် ကိုင်တဲ့အထိဆိုတော့ အခြေအနေကောင်းနေပုံပဲ။

အခုတလော ထယ်ယောင်းတစ်ယောက် အိမ်ကိုလည်း မဆက်သွယ်ဖြစ်သလို သူငယ်ချင်းတွေနဲ့တောင် ညဘက်မတွေ့ဖြစ်။အဖိုးကြီးပေါက်စနားသာ ကပ်နေမိတာဖြစ်သည်။အစရက်တွေကတော့ ညဘက် ဟိုကောင်နေတဲ့တွေ့ဖြစ်ကာ ONSနဲ့ တစ်ခါလောက်အိပ်ပြီးကတည်းက စိတ်က မပါပြန်တော့။

ပန်းသေသွားသလား မှတ်ရအောင် ဟိုကောင်က ထောင်မလာတော့တာ!

စိတ်တွေက အခုတလောထွေပြားနေတာမို့ ဆိုရာရဲ့ဖုန်းတွေတောင်သူမကိုင်ဖြစ်။အာ့ကြောင့် ထိုမိန်းကလေးက အကွက်ရွှေ့သွားတာပေါ့။

"ဖုန်းချဖို့မစဉ်းစားနဲ့ ! ခုချက်ချင်း K CITY MALLကိုလာခဲ့ !"

"ဘာအတွက်လဲ ?"

ဘာမှပြန်မပြောတဲ့ထယ်ယောင်းမှာ တစ်ဖက်က K CITY MALLဆိုသည်ကြောင့် မျက်ခုံးပင့်မိသွားသည်။အခု ထယ်ယောင်းတို့က အဲ့ဒီမှာလေ!

"ဘာရမှာလဲ ! အတူတူလျှောက်ကြည့်ဖို့ပေါ့ ~ ဖွားတို့လည်း ပါတယ်~"

"မအားဘူး ! မင်းခေါ်တိုင်းလာရအောင်လည်း ကင်မ်ထယ်ယောင်းက မင်းအရုပ်မဟုတ်ဘူး !"

ကင်မ်ထယ်ယောင်းလိုလူက စိတ်မပါဘူးဆိုရင် လှည့်တောင်ကြည့်တဲ့လူစားမျိုးမဟုတ်တော့ တစ်ဖက်ကဆိုရာ ဘယ်လောက်ခေါ်ခေါိသွားဖို့ဆန္ဒမရှိ။

ဟိုအဖိုးကြီးပေါက်စနဲ့သူ့ကို ဖွားတို့မြင်မှာကြောက်နေလို့တော့ မဟုတ်!

အမှန်တရားကို ထိုအဖိုးကြီးသိသွားမှာ စိုးတာလေးပဲ!

"မြေးး ! ခုလာခဲ့ဆို ~ မျက်နှာပျက်အောင်မလုပ်စမ်းနဲ့ !"

BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )Where stories live. Discover now