Bond of Love : 10

2.5K 189 87
                                    

Unicode

ဒီနေ့ညစျေးလျှောက်လည်ကြမည်ဟု ဦးငယ်ကပြောလာတာဖြစ်သလို ထယ်ယောင်းကိုခေါ်တာမို့ အပီအပြင်ပြင်ဆင်လာမိသည်။အများကြီးမဟုတ်ပေမယ့် ဦးငယ်ဝယ်ပေးထားတဲ့ free shirtပေါ့ပေါ့ပါးပါးလေးသာဖြစ်သည်။accessories အနေနဲ့ ငွေရောင်နားကပ်တစ်စုံနဲ့ ဘယ်ဘက်လက်ကောက်ဝတ်ရှိ ဒိုင်ခွက်ကြီးကြီးRolex နာရီကိုပတ်ထားသည်။ဦးငယ်မေးရင် အဖေ့ရဲ့အမွေလို့ပြောလိုက်ရုံပေါ့။ ဆံပင်တွေကို လူငယ်ဆန်ဆန် နဖူးပြင်ထက်ချကာ ခပ်ပွပွလေးပုံသွင်းထားတာမို့ ဦးငယ်စိတ်တိုင်းကျမှာ ထယ်ယောင်းပြောရဲတာပေါ့။ဒီကောင်က နဂိုတည်းက ခန့်ညားတဲ့သူပဲလေ!

"ဦးငယ် ကျွန်တော် ရောက်ပါပြီဗျ~"

"ဒါဆို သွားမယ်လေ~"

ထယ်ယောင်းက နမ်ဂျွန်းအား ဦးငယ်တို့လမ်းထိပ်အထိလိုက်ပို့ခိုင်းပြီး တဆင့်ကားငှါးလာတာဖြစ်သည်။ထယ်ယောင်း အိမ်စင်ဝင်အောင်ရောက်တော့ ဦးငယ်က ကားဘေးတွင် မတ်တပ်ကလေးရပ်ကာဖုန်းကြည့်နေသည်။သူ့ကိုတွေ့တော့မှ ခေါင်းညိတ်ကာ နောက်ခန်းထဲဝင်ထိုင်ဖို့လုပ်သည်။

"ရှေ့မှာ မထိုင်ဘူးလား?"

"ဂျီမင်နဲ့ပဲ ထိုင်လိုက်တော့မယ်~"

"ကောင်းသော ညနေခင်းလေးပါ ငရှုပ်လေး~"

ထယ်ယောင်း မျက်နှာက ရုတ်တရက်ရွာချတော့မယ့်တိိမ်ညိုတွေလို မဲမှောင်သွားသည်။ကားနောက်ခန်းပွင့်လာပြီး လူကို တမင်ရွဲ့နှုတ်ဆက်လိုက်တဲ့ ဟိုဆရာဝန်အသေးလေးက တကယ့်အဖျက်။

ဘုန်း!

"စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်တော့မယ်ဆို စဉ့်အိုးသည်က ကန့်လန့်ကန့်လန့်~"

ထယ်ယောင်းက ကားခေါင်းခန်းထဲဆောင့်ဆောင့်အောင့်အောင့်ဝင်ထိုင်ကာ ခပ်ရွဲ့ရွဲ့ပြောလိုက်သည်။နားစွန်နားဖျားကြားမိတဲ့သူက နောက်ခန်းကနေ ထယ်ယောင်းဆီအကြည့်ပို့လာကာ မေးဆတ်သည်။

"ဘာတွေပြောနေတာလဲ?"

"အော် ဒေါက်တာအသေးလေးက အားရောအားရဲ့လားလို့ပါ~"

"ဂျောင်ကု အတွက်ပဲ အားရမှာပေါ့~"

ကားမောင်းနေရင်း back mirror ကတစ်ဆင့် အကြည့်ပြန်ပို့ကာ ခပ်မဲ့မဲ့ပြောပေမယ့် နေရာတကာ ဝင်ပါတဲ့ဟိုဆရာဝန်အသေးလေးက ဦးငယ်ရဲ့ ပခုံးအား ဆွဲဖက်ရင်းဖြေသည်။

BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )Where stories live. Discover now