Unicode
"တော်တော်အားနေကျတာပဲ !"
ဧည့်ခန်းထဲစဝင်လာချင်း ရုပ်တည်ကြီးနဲ့ပြောချလိုက်တာဖြစ်သည်။အကြောင်းမသိတဲ့သူဆို စိတ်ဆိုးဒေါသဖြစ်နိုင်ပေမယ့် အကြောင်းသိသူတွေကျ ရယ်ရယ်မောမောပဲဖြစ်သည်။အိမ်တော်ကလည်း သူတို့နဲ့မှ စိုစိုပြေပြေဖြစ်သွားတော့သည်။သဘောမနောကောင်းတဲ့ အိမ်အကူတွေကြောင့် ကြွေစားပွဲကြီးပေါ်တွင် အစားအသောက်များက ပြည့်နေတော့သည်။
"ယောကျ်ားနားကပ်ပြီး ငါတို့ကိုတောင်မေ့ပြီပေါ့လေ !"
"လွမ်းစရာရော ရှိနေလို့လား ဒီရုပ်တွေက !"
မောင်က ဂျောင်ကုကို သူ့ဘေးတွင် ထိုင်စေပြီး နမ်ဂျွန်းစကားကို တုံ့ပြန်လိုက်တာမို့ ကျန်တဲ့သူတွေက မျက်နှာတွေရှုံ့မဲ့ကုန်ရော။
"ရော့ အန်ကယ်လေးနဲ့ ဗိုက်ထဲက ဟာလေးအတွက် ~ မင်းအတွက်တော့ မပါဘူး!"
"သူများအိမ်လာပြီး တစ်ဖြဲနှစ်ဖြဲစားထားတာ ဒီလောက်တော့ ပေးရမှာပဲ !"
ဒီနေ့ ဂျောင်ကုတို့ ရက်ချိန်းရှိတာမို့ ဆေးရုံသွားပြီးပြန်လာတော့ မောင့်သူငယ်ချင်းတွေရဲ့အသံကို အရင်ကြားရသည်။မကြာခဏလာလည်တတ်တာမို့ ခုလည်းလာတာဖြစ်ကာ အမြဲတိုင်း ဂျောင်ကုအတွက် မုန့်မျိုးစုံဝယ်လာပေးတတ်သလို ဘာလေးမှန်းမသိတဲ့ကလေးအတွက် ကစားစရာက အမြဲပါသည်။
"အေးပါကွာ ပြောထား ! အန်ကယ်လေး ကလေးမွေးလာမှ အဲ့ကလေးကို ငါ့ရဲ့အနာဂတ်ကလေးနဲ့ ပေးစားပြီး ခမည်းခမက်တော်ပစ်မှာ !"
"ငါ့ချီးကိုတော် ! ငါ့ကလေးတွေကို မိန်းမရော ယောကျ်ားရော မပေးစားဘူး !"
ဟိုဆော့က သဝန်ကြောင်လွန်းတဲ့သူငယ်ချင်းကြီးကြောင့် နှာခေါင်းရှုံ့ကာ အာလူးကြော်တွေ တကြွပ်ကြွပ်ယူဝါးသည်။မပြောချင်လောက်တဲ့သဘောပေါ့။
တကယ့်ကောင်။ဘာလေးမှန်းတောင်မသိသေးတာကို စလို့တောင်မရ။မွေးသာလာလို့ကတော့ ခေါင်းပေါ်တင်ထားမှာ။သမီးလေးသာ မွေးရင် မလွယ်။အန်ကယ်လေးလို ချွဲတက်ပုံမျိုးသာလာကြည့် ကင်မ်ထယ်ယောင်းတို့ ခါးကျိုးမှာ !
YOU ARE READING
BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )
FanfictionTop : Kim Taehyung Bottom : Jeon Jungkook Start Date : 14 . 8 . 2023 End Date : 27 . 1 . 2024 #Nectarine #I don't own photos that contain in this fic.