Bond of Love : 33

2.4K 172 85
                                    

Unicode

ကိုယ်တိုင်ကိုယ်ကျမဟုတ်ဘဲ အတွင်းရေးမှူးမှတဆင့်ဆက်သွယ်လာသည့်အလျောက် အရှိန်ဝါကြီးတဲ့သူအား တွေ့ဖို့ဖြစ်လာသည်။ဘယ်လောက်တောင် မောက်မာလိုက်သလဲဆို နေရာကိုပင် သူ့ရဲ့ရုံးခန်းကိုပဲ လာခဲ့ပါတဲ့လေ။တွေ့ချင်တဲ့သူက ကိုယ်မဟုတ်ပါဘဲ လိုက်နာရတဲ့သူက ကိုယ်ဖြစ်နေခဲ့သည်။

'ဥက္ကဌကြီးက မအားတဲ့ကြားကတွေ့မှာမို့ အချိန်တိကျပေးပါ' ဆိုတဲ့အမှာစကားက နည်းနည်းတော့ကသိကအောက်နိုင်သည်။သို့သော် အကြောင်းတစ်ခုအတွက်တွေ့ချင်မှန်းသိတာမို့ THE KING Gpကို လာခဲ့ရတော့သည်။အဆင့်ဆင့်စစ်ဆေးပြီးမှ ရောက်လာရတဲ့အခန်း။ကိုးရီးယားတွင်မက အာရှမှာပါ နေရာယူနေပြီးသားဖြစ်တဲ့ THE KING Gpရဲ့အုပ်ချုပ်သူရှိရာက ထည်ဝါနေတာတော့မဆန်း။

အငွေ့တထောင်းထောင်းထနေတဲ့ကော်ဖီကို ကျကျနနကိုင်ကာ အနက်ရောင်ဆက်တီရှိ ထိပ်ဆုံးတွင်ခြေချိတ်ထိုင်သည့်သူက ဖန်သားပြင်မှာမြင်ဖူးတာထက် ပိုခန့်ညားနေသည်။သူ့ကို တွေ့တော့ ထိုင်ဆိုတဲ့သဘောနဲ့ မေးဆတ်ပြတာမို့ ဘေးတွင်ဝင်ထိုင်လိုက်သည်။တည်ငြိမ်နေတဲ့သွင်ပြင်က စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထားနိုင်တာမို့ အဆင်ပြေပါသည်။

"ကင်မ်ဥက္ကဌကြီးက ထူးထူးဆန်းဆန်းတွေ့ချင်တယ်ဆိုလို့ ဘာများလဲ ?"

"စကားတွေအများကြီးပြောရတာ အန်ကယ်သဘောမကျဘူး ~ ဒီတော့ !"

စားပွဲပေါ်တွင် ချပေးလာတဲ့ စာရွက်စာတမ်းတွေက နည်းတာမဟုတ်။ကိုယ့်ကို ရည်ရွယ်တာမို့ တစ်ခုချင်းဖတ်လိုက်ပြီးနောက်...

"ဒါတွေက !"

"ကင်မ်မင်ဂူအတွက်လေ ~ ဘယ်လိုလဲ လုံလောက်ရဲ့လား ~"

"ကျွန်တော်သိချင်တာက ဘာအတွက်လဲဆိုတာပါပဲ !"

အစအဆုံးမရှိသလို ဘာကြောင့်ဆိုတာလဲမပြောဘဲ လုပ်ချပစ်လိုက်တာ။အာဏာရော ပိုက်ဆံရောရှိတဲ့လူတန်းစားရဲ့ ဖိနှိပ်မှုတစ်ခုဖြစ်သည်။ရုံးခန်းထိခေါ်ပြီး သူ့သိက္ခာကိုချနင်းပစ်လိုက်တာ။

သူ့လေသံက နည်းနည်းတော့မာသွားသလို မျက်နှာလည်းပျက်သွားတော့ ကင်မ်ဥက္ကဌက ကော်ဖီခွက်ကို ပြန်ချကာ နှုတ်ခမ်းထောင့်တွေကို ကွေးညွတ်သည်။

BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )Where stories live. Discover now