Unicode
ကြည်တောက်နေတဲ့ မှန်သားပြင်က ကြီးမားတဲ့လိုက်ကာစကို ဘေးကပ်ထားသောကြောင့် ဖောက်ထွင်းမြင်နေရသည်။18လွှာတွင် ရုံးခန်းတည်ရှိသည်မို့ ထိုအမြင့်မှနေလို့ ပတ်ဝန်းကျင်ကို ကောင်းကောင်းရှုစားနိုင်သည်။ညနေဆည်းဆာရဲ့အလှတရားထဲက စွဲမက်ဖွယ်ရာသည် တိမ်တွေလို့ပြောလျှင်ယုံမလား။အနောက်ရပ်သို့ သက်ဆင်းတော့မည့် ပူရှိန်ပြင်းပြင်းနေမင်းရဲ့ ထင်ဟက်မှုကြောင့် ပုဇွန်စီရောင်ကောင်းကင်က အလှဆုံးဖြစ်နေသည်။အုပ်စုလိုက်ဖွဲ့လို့ ခိုနားရာသို့ အရောက်ပြန်နေကြသည့် ငှက်တန်းကြီးက ပန်းချီကားလို့ အသက်သွင်းပြန်သည်။
အောက်သို့ ငုံ့လျှိုးကြည့်ပြန်တော့ အလီလီပြေးလွှားနေတဲ့ ရောင်သွေးစုံတဲ့ ကားတွေနဲ့ လှုပ်ရှားနေကြတဲ့ဆိုးလ်မြို့သားတို့။ထိုအချင်းတို့ကို ငြိမ်သက်စွာကြည့်နေ့သူ တစ်စုံတစ်ယောက်။style pantအနက်ထဲ ရှပ်အဖြူအား ထည့်ဝတ်ထားပြီး လက်တွေကို တံတောင်အထိခေါက်တင်ထားသည်။လစ်ဟာနေတဲ့ရင်ဘက်အစုံက နိမ့်ချည်မြင့်ချည်ဖြစ်နေသလို လှုပ်ရှားနေသည့် ချွန်ထက်ထက်လည်စိ။ရှိုက်ဖွာနေတဲ့ ဆေးလိပ်က တစ်ဝက်ကျိုးလုလုဖြင့်သလို့ ဘေးတွင်ဝန်းရံနေသည့် အငွေ့လိပ်တို့။
သေချာကြည့်မည်ဆိုပါက ထိုသူသည် ငြိမ်သက်နေပေမယ့် တစ်စုံတစ်ခုကို အလေးနက်တွေးနေတာဖြစ်သည်။
"ထယ်ယောင်း မင်းဘာဆက်လုပ်မှာလဲ ?"
"ဦးငယ်ကို ရအောင်ယူမှာ ! နည်းလမ်းက ညစ်ရာကျပေမယ့် ငါမမှားဘူးဟျောင့်တွေ !"
ထယ်ယောင်းနဲ့ မလှမ်းမကမ်းရှိ စက်တီခုံတွင်ထိုင်နေသည့် ယွန်းဂီကမေးလိုက်တာဖြစ်သလို ကိုယ်တိုင်လည်း မှန်ပြင်နားကနေ စားပွဲနားထိလျှောက်လာပြီး ဆုံလည်ခုံတွင် ဝင်ထိုင်ရင်းပြောလိုက်သည်။
ထယ်ယောင်းက တဆုံးတွေးထားပြီးပြီမို့ လုပ်ရပ်တွေဟာ လက်ခံချင်မှ လက်ခံနိုင်လိမ့်မယ်။သို့သော် ချစ်ရသူကို ပိုင်ဆိုင်ဖို့ ကြိုးစားတဲ့သူ့အတွက်တော့ နောင်တရစရာမရှိဘူးလေ။
"အန်ကယ်လေးဘက်ကိုရော မင်းတွေးကြည့်ပြီးပြီလား?"
"ဦးငယ်က ငါ့ကိုခွင့်လွှတ်မှာပါ~"
![](https://img.wattpad.com/cover/281378799-288-k481590.jpg)
ESTÁS LEYENDO
BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )
FanficTop : Kim Taehyung Bottom : Jeon Jungkook Start Date : 14 . 8 . 2023 End Date : 27 . 1 . 2024 #Nectarine #I don't own photos that contain in this fic.