Unicode
လူသွားလူလာများက ရှုပ်နေကာ ယနေ့မှ ပိုများနေသယောင်။ဖြစ်ချင်တော့ ဖွင့်ကာစ ကုန်တိုက်ကြီးကလည်း ဆိုးလ်မြို့အလယ်မှာ ထင်ထင်ရှားရှားရှိနေသည်။ထို့အတူ ကမ္ဘာတစ်ဝန်းစိတ်ဝင်စားမှုများနေသည့် THE NUM :II ကလည်း ရုံတင်ထားတော့ တစ်နေရာတည်းမှာ အကုန်ရသည့် ထိုကုန်တိုက်တွင် စည်ကားနေတာ မဆန်း။ဆန်းသည်က ရုပ်ရှင်ဆို ရုံမှာ မကြည့်ဖြစ်တာကြာပြီဖြစ်တဲ့ ဒေါက်တာဂျွန်ပါ ရောက်နေတာပင်။
ဒီနေ့နှစ်ယောက်လုံး ညနေပိုင်းစောဆင်းလာကြတာဖြစ်သည်။kidလေးရဲ့ပူဆာမှုကြောင့် အတူအပြင်ထွက်လည်ရင်း ရုပ်ရှင်ကြည့်ပြီး ညစာလည်း အပြင်မှာစားဖို့ဖြစ်လာသည်။ဂျောင်ကုက လက်မှတ်ဖြတ်တဲ့ဆီလိုက်မသွားဘဲ ခုံတန်းရှည်လေးတွင်သာကျန်ခဲ့ရင်း လက်မှတ်ဖြတ်ရန်တန်းစီနေသည့် ကျောပြင်ကျယ်ကိုသာ တစိမ့်စိမ့်ကြည့်နေမိသည်။ဟိုကလည်း စိတ်မချသလို နောက်ကို လှည့်ကြည့်လှည့်ကြည့်နဲ့။
"လက်မှတ်က အတွဲခုံပဲရတယ် ဦးငယ်~"
"လူလိမ်ကလေး~ အတွဲခုံ ထိုင်ချင်ရင် ထိုင်ချင်တယ်ပေါ့~"
သူသိတာပေါ့။ဒီကောင်လေး ဘာကြံနေသလဲဆိုတာ။ဂျောင်ကုက မသိမသာလေးပြုံးကာ သိသလိုလေး ပြောတော့မှ သွားတန်းညီညီလေးတွေပေါ်အောင် ရယ်တော့သည်။
"အဟွန်း ! ထိုင်ချင်တာ အရမ်း ~ ထိုင်ကြမယ်နော်~"
"မုန့်ဝယ်လိုက်အုံးမယ်~ အထဲမှာ စားရအောင်လို့~"
"တူတူ သွားဝယ်မယ်~"
ဂျောင်ကု ပခုံးကို ဖက်ကာ မုန့်ရောင်းတဲ့ ဘက်ထွက်လာလိုက်သည်။ထယ်ယောင်းမျက်နှာက လက်နေကာ နှုတ်ခမ်းတို့ကာ မသိမသာ တွန့်ကွေးနေသည်။အမြဲ မှင်သေသေနေတတ်သူက ဦးငယ်နဲ့ဆို ဟန်ဆောင်မရအောင်ကို ဖြစ်နေတာ။ပြီးတော့ ဒီနေ့က တကယ့်နေ့ထူး။ဦးငယ်နဲ့အတူ ရုပ်ရှင်ကြည့်ရဖို့ သူအများကြီးမျှော်လင့်ထားတာ။ပြီးတော့ သူများအတွဲတွေလို လုပ်ကြည့်စရာတစ်ခုလည်း ကျန်ရှိသည်။
ဒါကတော့ ရုံထဲရောက်မှ အဟွန်း !
"ဦးငယ် ပေါက်ပေါက်စားမှာလား~"
YOU ARE READING
BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )
FanfictionTop : Kim Taehyung Bottom : Jeon Jungkook Start Date : 14 . 8 . 2023 End Date : 27 . 1 . 2024 #Nectarine #I don't own photos that contain in this fic.