Bond of Love : 22

2K 190 97
                                    

Unicode

တိတ်ဆိတ်ခြင်းတွေနဲ့ပြည့်နက်သွားပြန်သည့်ဂျွန်အိမ်တော်။အလီလီဖြင့် တစ်ဖက်မိသားစုများပြန်သွားသည့်အခါ ထုံးစံအတိုင်း အားလုံးရဲ့အကြောင်းရင်းဖြစ်သည့် ဂျောင်ကုသည်သာ ကျန်နေခဲ့သည်။တုံ့ပြန်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်မလား။အခု အဲ့ဒီသက်ရောက်မှုရဲ့ဒဏ်ကို ဂျောင်ကုခံရပေအုံးမည်။

အမြဲတစေမပြောင်းလဲတဲ့အနေအထားတစ်ခု။ဂျွန်သခင်မကြီးဟာ ကုတင်ကြီးထက် ခြေနှစ်ဖက်ချကာ ခပ်မတ်မတ်ထိုင်နေပြီး ဂျောင်ကုကတော့ အညိုရောင်ပါးကေးကြမ်းပြင်ထက် ဒူးထောက်လျက်ပေါ့။

"ခေါ်တယ်ဆိုလို့~"

"ဘာအချိုးတွေ ချိုးနေလဲ ငါမသိဘူး မထင်နဲ့ ဂျောင်ကု!"

ဟုတ်ပါရဲ့။လောကမှာ ဖုံးကွယ်ထားလို့ရတဲ့အမှန်တရားမှမရှိတာ။ဂျွန်သခင်မကြီး အထူးသဖြင့် မေမေကြီးသာဆို ပိုဆိုးသည်။သူမကို ဘယ်အရာမှလျှို့ဝှက်ထားလို့မရ။ဂျောင်ကုနဲ့ ပတ်သပ်တာမှနိသမျှအပြင် ဆိုရာလေးပါ ပါဝင်လာတော့ မအံ့ဩပါဘူး။ဒါပေမယ့် စွတ်စွဲခြင်းကတော့ အတိုင်းထက်အလွန်ဖြစ်နေသည်မဟုတ်လား။

ဂျောင်ကုက အသိဉာဏ်မဲ့တဲ့သူမဟုတ်ပါ။နှစ်ဦးနှစ်ဖက်မျက်နှာပျက်ရအောင်လုပ်ဖို့မရဲသလို ကျေးဇူးရှင်ကိုစော်ကားတာမျိုး လုပ်မှာမဟုတ်။အဲ့အစား...

သူ့အား သိပ်ချစ်ပြီး သူကိုယ်တိုင်လည်း မြတ်နိုးရတဲ့ kidလေးကို စွန့်လွှတ်လိုက်တာ!

မြတ်နိုးရသူအတွက်မတရားဘူးဆိုတာ သိပေမယ့်လည်းပေါ့...!

"ရာရာစစ ငါ့မြေးသမက်ဖြစ်လာမဲ့သူကို မှန်းရဲတယ်ပေါ့!"

"မေမေကြီး အထင်လွဲနေတာပါ~ "

"သွေးကတော့ မျိုးရိုးလိုက်တာပဲ !အမေ့သွေး အပြည့်နဲ့ပါလား ?"

တွေ့တဲ့မလား။ထိုးနှက်မှုက နှလုံးသားကို ဖိညှစ်ပစ်လိုက်တာ။အသက်မရှိတော့တဲ့အမေ၊ဘယ်ဆီရောက်နေမှန်းမသိတဲ့အဖေကို ချိုးချိုးနှိမ်နှိမ်ပြောရက်သည်။အဲ့ဒီအမေဖြစ်သူကရော သူမအမျိုးသားရဲ့ သမီးကြီးမဟုတ်ဘူးလား။မခေါ်လို့ရပေမယ့် မတော်လို့မှမရတာ။ဖေဖေကြီးဆိုတာ ဂျောင်ကုရဲ့အဖိုးရင်းပဲ။ဖေဖေကြီးရဲ့မည်သူမှမသိတဲ့သမီးအကြီးဟာ ဂျောင်ကုအမေတဲ့။

BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )Where stories live. Discover now