Unicode
မေ့ဆေးရှိန်ကြောင့် နောက်ကျမှပြန်နိုးလာခဲ့ပေမယ့် မျက်တောင်တွေ ကော့ညွတ်လို့ အမြင်တွေရှင်းသည်နှင့် ဦးစွာတွေ့ရသည်က မျှော်လင့်နေမိတဲ့လူသားဖြစ်သည်။ဖြူဖွေးနေတဲ့ သွားတန်းညီညီနဲ့ လေးထောင့်ဆန်ဆန်အပြုံးက ဆီးကြိုနေသလို အရည်လဲ့နေတဲ့မျက်ဝန်းတို့က ကြည်နူးမှုတွေကို ခံစားရသည်။တစ်ပြိုင်နက်ထဲဆိုသလို ' အဲ ' ဟူသည့် အသံပိစိလေးကပါ ဂျောင်ကုကို ရင်တွေအဆမတန်ခုန်စေသည်။ဒါ မောင်နဲ့ ဂျောင်ကုတို့ရဲ့ မင်းသမီးလေး!
"မောင် ~~"
"ထိုင်လို့မရသေးဘူးလေ ~"
ခွဲထားတဲ့ ဒဏ်ရာကြောင့် ခါးစပ်တစ်လျှောက်ကိုက်ခဲနေမှုကို အန်တုရင်း ထထိုင်မတက်ပါဘဲ။သိူ့သော် အထမခံတဲ့ မောင်က သူ့လက်မောင်ကြီးနဲ့ ထွေးပွေ့ထားတဲ့ အနှီးထုပ်လေးကို ဂျောင်ကုနားကပ်ပြသည်။
"ဦးငယ်ရဲ့ ပုံတူလေး~ မောင့်ရဲ့ အသဲတုံးလေး ~"
နီရဲနေတဲ့ မျက်နှာလေးက မိုချီလေးလို ဝိုင်းနေကာ ပင်ဂိုရွှေအိုရောင် ဆံပင်လေးတွေကလည်း ကောက်ကောက်ကလေးဖြစ်သည်။အိပ်နေသည်မို့ မျက်ဝန်းလေးတွေမမြင်ရပေမယ့် ခပ်မို့မို့မျက်ခွံစွန်းက မျက်တောင်ဖျားလေးတွေ ၊ ပါးလှပ်လှပ်မျက်ခုံးတန်းလေးတွေကပါ ရွှေအိုရောင်ဘက်သန်းနေသည်။အပေါ်အောက်ညီတဲ့ နှုတ်ခမ်းပါးလေးက ရဲစိုနေကာ ချယ်ရီသီးလေးလိုပင်။နှာခေါင်းလေးက ထိပ်မှာလုံးလုံးလေးဖြစ်ကာ အားလုံးခြုံကြည့်ရင် ဘိုမရုပ်ကလေးလိုဖြစ်နေသည်။
မောင်က ဂျောင်ကုနဲ့ပုံတူဟုဆိုခြင်းဟာ သမီးလေးရဲ့ နှုတ်ခမ်းအောက်က ရေးတေးတေးမှဲ့နက်လေးကြောင့်သာဖြစ်လိမ့်မည်။
"ဟုတ်ပကွာ အန်ကယ်လေးတို့နဲ့ တစ်ရုပ်တည်းပဲဟေ့ ~"
"လုံးတစ်နေတာပဲကွာ ~ ချီချင်လိုက်တာ ~"
လူတွေရှိနေမှန်းဂျောင်ကုသတိမထားမိခဲ့။နောက်မှ ထောက်ခံလာသည့် ဟိုဆော့နဲ့ နမ်ဂျွန်းတို့ရဲ့အသံကြားမှ ဝေ့ကြည့်လိုက်မိတာ။မောင့်အဖွားနဲ့အဖေအပြင် ဖေဖေရော ဂျီမင်လည်းရှိနေသည်။မောင့်သူငယ်ချင်းတွေကပါ စုံနေသည်။လူကြီးတွေနဲ့ ဂျီမင်က ဆိုဖာခုံတွေထက်ထိုင်နေကြပြီး ကျန်တဲ့မောင့်သူငယ်ချင်းတွေဟာတော့ မောင့်လက်ထဲက သမီးလေးကို အနီးကပ်လာကြည့်ပြီး ဆုံးဖြတ်နေကြတာဖြစ်သည်။

YOU ARE READING
BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )
FanfictionTop : Kim Taehyung Bottom : Jeon Jungkook Start Date : 14 . 8 . 2023 End Date : 27 . 1 . 2024 #Nectarine #I don't own photos that contain in this fic.