Bond of Love : 29

2.5K 171 102
                                    

Unicode

နေရောင်ပြပြနဲ့အတူ နေ့တစ်နေ့ဟာ အသက်ဝင်စပြုလာပြုလာပြီဖြစ်သည်။လေတဖြူးဖြူးနဲ့ သစ်ရွက်ယှက်သံတဖျက်ဖျက်က သံစဉ်လေးပမာ ချော့သိပ်နေသည့်အလား။ရင်ခွင်ထဲက ကိုယ်လုံးလေးဟာလည်း ငြိမ်သက်နေဆဲဖြစ်ပေမယ့် အသက်ရှုသံဖျော့ဖျော့က နှစ်ယောက်ကြားစီးချက်မှန်ကန်သည်။

အင်းး! သာယာလိုက်တဲ့ ဘဝလေး!

ဗွမ်းးး !

စိုရွှဲသွားသည့် ထိုတစ်ဝိုက်နဲ့အတူ ထထိုင်လိုက်မိတဲ့လူနှစ်ယောက်။အိပ်စက်ခြင်းကို အလန့်တကြားဖြစ်စေသည့်တိုင် တစ်ကိုယ်လုံးလည်း ရေတွေနစ်သွားတော့သည်။လွှင့်စင်လာတဲ့ ရေစက်တို့ရဲ့အရှိန်ကြောင့် မျက်နှာတစ်ဝိုက်က စပ်ဖျင်းဖျင်း။ရဲသွေးနီသွားတဲ့ မျက်ဝန်းတို့ဟာလည်း ပြူးကျယ်လျက်။

"ဘာကောင်လဲ ရာရာစစ ! ဦးငယ် ဘာဖြစ်သွားသေးလဲ ! တောက် !"

ထယ်ယောင်း ခပ်ပြင်းပြင်းတောက်ခေါက်လိုက်ကာ ဘေးက ထထိုင်နေပြီဖြစ်တဲ့ ဦးငယ်ရဲ့မျက်နှာနုနုအား တယုတယကိုင်လျက် စစ်ဆေးရသည်။အသားဖြူကာ နုနယ်သူမို့ မျက်နှာလေးက ချက်ချင်းရဲတက်လာသည်။ဒေါသကလည်း ကွက်တိကိုထွက်လာတာ။ဒီကောင်ကို အိပ်နေလျှင်မည်သူကမှ လာမနှိုးရဲ။အခုက ရိုးရိုးတောင် မဟုတ် ရေနဲ့ပါပက်ခံရတာ!

ကျားရိုင်းကဲ့သို့ မျက်ဝန်းတောက်တောက်က လားရာကို ကြည့်မိတော့ ကားအောက်တွင် ရေပုံးကိုင်လျက် ရပ်နေသည့် အသက်ကြီးကြီးအမျိုးသား။အပေါ်ကနေ ကွက်စိပ်ရှပ်လက်ရှည်ကိုဝတ်ထားပြီး ခပ်ဝိုင်းဝိုင်းခမောက်အားဆောင်းထားသည့်သူက အရပ်မြင့်မြင့်နဲ့ ကြည့်ကောင်းသယောင်ရှိသည်။မပြင်မဆင်နေပေမဲ့ ဥပဓိရုပ်ကောင်းတဲ့သူမျိုး။ဒယ်ဒီထက် အသက်ကြီးပုံတော့ပေါ်သည်။

ဘာပဲဖြစ်ဖြစ် ဒီကောင့်လောက်တော့ မချောတာအမှန် !

ထယ်ယောင်းက ထိုလူကြီးအား ခပ်စူးစူးစိုက်ကြည့်ရင်း အကဲခက်တော့ ...

"ငါကွ ! မင်းတို့ ငါ့ကားနဲ့ ဘာလို့လိုက်လာတာလဲ ! ပြောစမ်း ! မဟုတ်ရင် မင်းတို့ကို ရဲတိုင်မယ် !"

BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )Where stories live. Discover now