Unicode
V.D Gpရဲ့ reception တွင် လူရှုပ်နေကြသည်။သိသိသာသာရော မသိမသာပါ ငေးမောနေကြသလို အားကျသည့်မျက်ဝန်းတွေကလည်း အလုံးအရင်း။
အသက်၃၀ကျော်လို့မထင်ထားလောက်အောင် အရွယ်တင်တဲ့လူသားက ပေါ့ပေါ့ပါးပါးရှပ်လက်တိုအဖြူအပွလေးကို fitဖြစ်နေတဲ့pantအနက်ထဲ ထည့်ဝတ်ထားသည်။ခါးတစ်ဝိုက်တွင် ခပ်သေးသေးခါးပတ်အနက်ကလေးဖြင့် ထိန်းထားကာ သေးသွယ်တဲ့ ခါးလေးက ကောက်ကြောင်းပေါ်စေသည်။မိန်းမလေးတွေထက်ပင် ဥထွတ်နေတဲ့အသားရည်က တံတောင်ဆစ်လိုနေရာမျိုးတွေဆို ရဲတွတ်နေပြီး မျက်နှာလေးကလည်း ကလေးတစ်ယောက်နယ် နုဖက်နေသည်။ဂုတ်ထိရှည်တဲ့ တွန့်ကောက်ကောက်ဆံပင်လေးတွေကို အပေါ်တစ်ဝက်စီးထားတာမို့ နှာတံလုံးလုံးလေးက ထင်းနေသည်။ပါးပါးရဲစိုစို နှုတ်ခမ်းလေးက အပြုံးနုနုတို့ရှိနေသလို ထိုအပြုံးတွေဟာလည်း ထိုအမျိုးသားလက်ပေါ်ရှိ တစ်နှစ်ကျော်အရွယ် ကလေးငယ်ကြောင့်သာဖြစ်သည်။
"ကိုယ်နဲ့ မောင့်သမီး အောက်ရောက်ပြီ လာခေါ်အုံး ~"
Reception ဆီက ဖုန်းမှတဆင့်ဆက်သွယ်လိုက်ပြီးနောက် ထိုနေရာမှာသာရပ်နေလိုက်သည်။ကိုယ့်ကြောင့်အခြားသူတွေ အလုပ်မများစေချင်တာလည်းပါသည်။
"အစ်ကိုလေး ~ ဒီမှာထိုင်ပါလားရှင် ~ ကလေးနဲ့ ညောင်းနေပါ့မယ် ~"
"ရပါတယ် ~ အစ်ကို အဆင်ပြေပါတယ် ~ ညီမလေးတို့ လုပ်စရာရှိတာလုပ်နော် ~ အားမနာနဲ့ ~"
"ဟို ဥက္ကဌက !"
ဂျောင်ကုက အွန်းလေးကိုတစ်ဖက် ခြင်းလေးကို တစ်ဖက်ဖြင့် မအားတာမို့ ဧည့်ကြိုညီမလေးက ခြင်းလေးကို အနားက စားပွဲပေါ်တင်ပေးပြီး သူ့ကိုပါ အေးအေးဆေးဆေးနေစေသည်။ကိုယ်ကသာ သူတို့အလုပ်ပိုမှာစိုးလို့ ဘာမှမဖြစ်သလိုနေပေမယ့် သူတို့မှာ ပြာယာခက်နေသည်။မောင့်ကို ကြောက်နေကြတာမို့ ဂျောင်ကုက ငြင်းတာနဲ့ မျက်လုံးလေးတွေပြူးလို့။
"အာ ညီမလေးတို့ဥက္ကဌဆူမှာဆို မပူနဲ့နော် ~ အစ်ကို သူ့ကိုနိုင်တယ် ~"
"နိုင် နိုင် ~"
ဂျောင်ကုလက်ပေါ်မှာ တစ်ချိန်လုံးငြိမ်လိုက်လာတဲ့ သမီးလေးက ထပြောလာတာဖြစ်သည်။သမီးက သူ့တို့စကားကို အကုန်နားလည်နေပြီး တစ်ခါတစ်ခါ အဲ့လိုတွေအထိပြောတတ်လာပြီဖြစ်သည်။ဂျောင်ကု ငုံ့ကြည့်တော့ မျက်လုံးရွဲလေးတွေဖြင့် ပြန်ကြည့်ရင်း ဂျောင်ကုမေးစေ့အား လှမ်းကိုင်သည်။
YOU ARE READING
BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )
FanfictionTop : Kim Taehyung Bottom : Jeon Jungkook Start Date : 14 . 8 . 2023 End Date : 27 . 1 . 2024 #Nectarine #I don't own photos that contain in this fic.