Unicode
လေထုက စိမ့်စိမ့်လေးသာဖြစ်သည်။အခန်းတွင်း ငြိမ်သက်နေမှုက နှလုံးခုန်သံလေးများပင်ကြားလုလု။ကုတင်တွင်လှဲလျောင်းနေတဲ့ ကိုယ်လေးရဲ့ မျက်ဝန်းလေးတွေက ဟိုတရွေ့ရွေ့လှုပ်ရှားနေသလို စိုကပ်ကပ်မျက်တောင်ဖျားလေးတွေက မရွေ့။အေးစက်စက်လက်ကလေးကလည်း အနည်းငယ်တုန်ရင်နေသည်။ထိုလက်ကလေးအား အနွေးဓာတ်ရရန် လက်ဖဝါးပြင်ကျယ်ကျယ်က အုပ်မိုးကိုင်ပေးထားသည်။
ထိုသူသည် တစ်ဖက်တစ်ချက်ရှိ အသက်၄၀နီးပါးရှိနေပြီဖြစ်သော ဆရာဝန်ကြီးရဲ့ အပြုအမူတစ်ခုချင်းစီကို အကဲခတ်နေသည်။
"ကလေးအနေအထားကလည်း ပုံမှန်ပါပဲ ~ ဖခင်လည်း လန်းတယ် ~"
"ဦးငယ်က အရမ်းစားနေတယ် ဒေါက်တာ ~ အဲ့တာ နှစ်ယောက်လုံးကို ထိခိုက်စေလား ?"
"ဟဟားးး ! စားပေးတာ ကောင်းတာပေါ့ဗျ ~ ကလေးက တောင်းတာပါ ~ ဒါမဲ့ ဘာမဆို တော်သင့်ရုံပဲကျွေးပါ ~ တန်ဆေးလွန်ဘေးပေါ့ဗျာ ~"
ရယ်ရယ်မောမောဖြင့် ပြန်ရှင်းပြတော့မှ အသက်ဝဝရှုနိုင်တော့သည်။ကုတင်ပေါ်က ဗိုက်ကလေးပိုင်ရှင်ဟာ သိပ်ကိုပြောရခက်သည်။တော်ရုံစားတာမျိုးမဟုတ်ဘဲ မိုးလင်းကနေ မိုးချုပ်အထိ အစားကမပြတ်။ညဘက်အိပ်ရင်တောင် မုန့်က အခန်းထဲထိ သယ်လာတဲ့ အခြေအနေ။အကျိုးအနေနဲ့ ညလယ်ကြီးဆရာဝန်ကို အိမ်ပင့်လိုက်ရတယ်မလား။
ပြောမကောင်းဆိုမကောင်းလေးက ဗိုက်အောင့်လို့အော်ငိုနေတော့ ထယ်ယောင်းမှာ ပြာရာခက်နေသည်။ဆရာဝန်မလာမချင်း ထိုင်တောင်မထိုင်နိုင်။မျောက်မီးခဲ ခုထိုင်သလိုပဲ။ဆရာဝန်ကြီးလာမှ သေချာစမ်းသပ်ပေးပြီး ဆေးလည်းထိုးပေးကာမှ သက်သာသွားပုံရသည်။
"ပြောသားပဲ ကလေးက စားတာပါဆို ~"
အသံဖျော့ညင်းညင်းလေးက ထယ်ယောင်းကိုဆို တစ်ခွန်းမကျန်ပြန်ပြောဖို့ အချိန်အခါမရွေးပေ။ဒီကောင်က ကလေးစားတာ လူကြီးစားတာကိုပြောတာမဟုတ် အဲ့ဒီလူသားလေး နာကျင်နေတာကို မကြည့်ရက်နိုင်တာ။ထယ်ယောင်းကို နှုတ်ခမ်းလေးဆူကာ ဆွေဆွေကလေးကြည့်နေပြီး သူစားတာကို ပြောပြလို့ အလိုမကျသလို နှာခေါင်းလေးတရှုံ့ရှုံ့ပါလုပ်နေသည်။
ESTÁS LEYENDO
BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )
FanficTop : Kim Taehyung Bottom : Jeon Jungkook Start Date : 14 . 8 . 2023 End Date : 27 . 1 . 2024 #Nectarine #I don't own photos that contain in this fic.