Bond of Love : 32

2.3K 177 126
                                    

Unicode

နေကျချိန်ဖြစ်သည့်အလျောက် အပူရှိန်လျော့လာပြီဖြစ်သည်။လမ်းတစ်လျှောက် ခပ်စိပ်စိပ်ဖြစ်လာသော လူသွားလူလာများက တွေ့သမျှနှုတ်ဆက်သော်လည်း ငြိမ်ချက်သားကောင်းနေသည်။ရှေ့ကဦးဆောင်တဲ့သူဟာ အလာနဲ့မတူဘဲ တိတ်ဆိတ်သွားသည်က ထူးဆန်းနေသည်မလား။

နောက်မှ ထပ်ကြပ်မကွာဘဲ ငြိမ်လိုက်လာတဲ့ဂျောင်ကုတို့လည်း လေအေးနုနုကြောင့် ချမ်းစိမ့်နေသည်မို့ စကားလည်းမပြောဖြစ်ကျ။ရေတွေအကုန်စိုသွားတော့ ဝယ်ခဲ့တဲ့အဝတ်အသစ်ကို လဲလာပေမယ့် အချမ်းကမပြေ။ခုမှ ပိုသိသာနေတာ။ဂျောင်ကု လက်နှစ်ဖက်ကိုပိုက်ကာ ကိုယ်လေးကျုံ့ပစ်မိတော့ အလိုလိုပခုံးထက်ရောက်လာတဲ့ လက်ဖဝါးက ခပ်နွေးနွေး။ရင်းနှီးနေသည့် ကိုယ်ငွေ့နဲ့ ယောကျ်ားဆန်သည့် ပြင်းရှရှအနံ့က လုံးဝမပျက်သွားပဲ အချမ်းပြေစေသည်။

"နွေးလား ? အိမ်ရောက်မှ မောင် နွားနို့လေး လုပ်ပေးမယ် ~"

"နွားနို့က ဘယ်ကရမှာလဲ ?"

"ဦးလေးကြီးရဲ့ ရေခဲသေတ္တာထဲမှာ တွေ့တယ်လေ ~"

"အဟမ်းး ! အဟမ်းး !"

နှစ်ကိုယ်ကြားတီးတိုးစကားက ချောင်းဟန့်သံကြောင့် ရပ်သွားရသည်။ဟန်လေးက နောက်ကို ဆက်ခနဲလှည့်ကြည့်ပြီး ပြန်လှည့်သွားကာ ချောင်းထဆိုးတာဖြစ်သည်။တဆိတ် ! ဒီကောင်လေး မျင်နှာတွေ နီနေသလားလို့ !

"ဟန်လေး နေမကောင်းဘူးလား ? မျက်နှာရဲနေတယ် ~"

"ဗျာ ကောင်းပါတယ် ~ ဟို ရာသီဥတုက ပူလို့ပါ~"

ပါးစပ်ကသာ မချိပြုံးနဲ့လိမ်လိုက်ရတာ။တကယ်က ရှက်နေတာလေ။ပထမဆုံး မြင်ဖူးခြင်းလေ။

လူပျိုလေးက series တွေကြည့်ရင်တောင် အချစ်ခန်းဆို ကျော်ကြည့်တဲ့ဟာ။

ရင်ထဲကလိကလိနဲ့ ဘယ်လိုမှန်းမသိ။သူတို့ကသာဘာမှမဖြစ်တာ ဟန်လေးမှာတော့ ရင်တွေဖိုးသို့ဖက်သပ်ဖြစ်နေရော။သိလည်းသိချင်တယ် မေးလည်းမမေးရဲဘူးလေ။ဟော မမေးဘဲနေပြန်တော့လည်း စပ်စုစိတ်ကတားမရတော့။ဟန်လေးမှာ သတွေးကို အကြိမ်ကြိမ်မြိုချနေမိတာအမှန်။ဟာ မရတော့ဘူးကွာ ! လက်သီးကိုတင်းနေအောင်ဆုပ်ကာ မျက်နှာချင်းလှည့်ပစ်လိုက်လျက်။

BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )Where stories live. Discover now