Unicode
ဆေးရုံကအပြန် အနားရှိ mallတစ်ခုကိုဝင်ဖြစ်သည်။တက်ကြွနေတဲ့ခြေလှမ်းတွေက ကြွေပြားနဲ့တောင် မထိသလိုပဲ။ရင်ထဲ ကြည်နူးလှိုက်ဖိုနေမှုကဘာနဲ့မှနှိုင်းမရ။အရယ်အပြုံးရှားတဲ့ထယ်ယောင်းက ချစ်ရသူကြောင့်ပဲ ဖောဖောသီသီပွင့်လန်းလာခဲ့သလို ထိုအရာတွေကို ဆက်ရှင်သန်စေတာက ထယ်ယောင်းရဲ့အသဲတုံးလေးပဲဖြစ်သည်။
ဆရာဝန်ကြီးဆီက အဖြေရသည်နှင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်တဲ့အထိ။ခုလည်း mallထဲသာ ဝင်လာက အပြုံးတွေကမရပ်တန့်နိုင်။ဦးငယ်လက်ကလေးအား မလွှတ်တမ်းကိုင်ထားမိသည်မှာလည်း ချွေးတွေပင်စို့နေပြီဖြစ်သည်။
"လာ မောင့်လက်ကို သေချာကိုင်နော် ~"
ကမ်းပေးလာတဲ့ လက်ကို တင်းနေအောင်ဆုပ်ကိုင်တော့ နွေးထွေးစွာ ပြုံးပြသည်။ဘာတွေပဲကြုံလာပါစေ ထိုလက်တစ်စုံသာ သူ့အတွက် အားပဲ။ပတ်ဝန်းကျင်က ဘာတွေဘယ်လိုပြောနေကြပါစေ အန်တုနိုင်သည်။
"သမီးလေးအတွက် ထပ်ဝယ်အုံးမလို့လား ? အိမ်မှာတောင် ထားစရာမရှိတော့ဘူးလေ ~"
"နည်းနည်းပဲ ဝယ်မှာပါကွာ ~"
အဲ့ဒီ နည်းနည်းဆိုတာကြီးကို ဂျောင်ကုလန့်နေရပြီ။နညးနည်းသာပြောပြီး တစ်ခါဝယ်လာရင် ကားနောက်ခန်းကအပြည့်။ဂျောင်ကု ဘာမှမပြောတော့ ကလေးပစ္စည်းတန်းတွေဘက်သွားကာ ရွေးတော့သည်။
"ပန်းရောင်လေးက ပိုအဆင်ပြေမယ်ထင်တယ် ~ အာ ရှုပ်တယ် အကုန်ယူလိုက်မယ် ~ ပြီးမှ သမီးလေးကို ရွေးခိုင်းမယ် ~"
သမီးလေးတွေက အရောင်နုလေးတွေကြိုက်သည်လို့ ကြားဖူးသည်။ထို့ကြောင့် ထယ်ယောင်းရွေးသမျှက ပန်းရောင်တွေများသည်။ဒါမဲ့ သူ့အသဲတုံးလေးက ခရမ်းနုလေးတွေလည်း ကြိုက်နိုင်တာပဲလေ။အများကြီးမတွေးတော့။အကုန်လုံးယူလိုက်တာ အကောင်းဆုံးပဲလေ။
"ဒါလေးလည်း ပြေမယ့်ပုံပဲ ~ ဦးငယ် ~"
အရုပ်လေးတွေကို စိတ်ကြိုက်ရွေးနေသည့်မောင်က စိတ်အားထက်သန်လွန်းနေကာ မည်သူကိုမှ အာရုံမရပေမယ့် မောင့်လက်ကိုဆွဲကိုင်ထားတဲ့ ဂျောင်ကုကတော့ မသိမသာလေး ဝေ့ကြည့်နေမိသည်။လူစည်ကားတဲ့နေရာဖြစ်လို့ အကြည့်တွေက ဂျောင်ကုတို့ဆီ စုနေကြသည်။ဖြတ်သွားဖြတ်လာ စျေးဝယ်သူတွေသာမက အရောင်းဝန်ထမ်းတွေအထိ။သိသာနေပြီဖြစ်တဲ့ ဗိုက်ကလေးကို အုပ်ကိုင်ထားတဲ့သူ့အား လက်ဆွဲကာ ကလေးပစ္စည်းဝယ်နေကြတဲ့အတွဲက ထူးဆန်းနေသည်လေ။ကဲ့ရဲ့နေကြတာလား အားကျကြည်နူးနေသလားဆိုတာ မသိတဲ့အကဲခတ်မှုတွေက ဂျောင်ကုကို စိတ်လှုပ်ရှားစေသည်။
YOU ARE READING
BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )
FanfictionTop : Kim Taehyung Bottom : Jeon Jungkook Start Date : 14 . 8 . 2023 End Date : 27 . 1 . 2024 #Nectarine #I don't own photos that contain in this fic.