Unicode
ကျွီ__!
စက်ရှိန်သတ်သံကျယ်ကျယ်က အားလုံးကို အထိတ်တလန့်ဖြစ်စေသည်။ကားထဲကထွက်လညတဲ့ခြေတံရှည်တွေက ဒေါသတွေပါနေကာ ဦးတည်မဲ့နေသည်။
"ဟာကွာ ! တောက်"
ခွမ်းး ! ချွင် !
တောက်ခေါက်သံပြင်းပြင်းနဲ့အတူ ကြွေသားတွေ ကြေမွသံက တစ်ဆက်တည်းဖြစ်လျက်။ဖြတ်သွားရာတစ်လျှောက် မြင်ကွင်းထဲတွေ့သမျှကို ဖျက်စီးပစ်တာဖြစ်သည်
"အားးး ! "
"သခင်လေး ! "
"မလာနဲ့ အကုန်သတ်ပစ်မှာ !"
ကြမ်းပြင်အနှံ့ကြွေစတွေ ကွဲနေတာမို့ အစေခံတို့ရဲ့တာဝန်အရတားပေမယ့် တွန်းထုတ်ခြင်းခံလိုက်ရသည်။ကျန်တဲ့သူတွေမှာလည်း ကြည့်သာနေရပြီး မည်သူမှဝင်မဆွဲရဲ။အိမ်တော်ထိန်းတောင် ဒီအခြေအနေလေ သူတို့သာဆို ပိုဆိုးကုန်မှာမလား။ရုတ်ရုတ်သဲသဲ အခြေအနေမှ အပေါ်ထပ်က ဆင်းလာတဲ့ ကင်မ်သခင်ကြီးနဲ့ ဧည့်ခန်းမှ ထွက်လာတဲ့ သခင်မကြီး။
"ဟေ့ကောင် ကင်မ်ထယ်ယောင်း ရပ်စမ်း!"
"ကျေနပ်တယ်မလား ! သိပ်တော်တယ် ! ဒယ်ဒီဖြစ်စေချင်တဲ့အတိုင်း သူက ကျွန်တော့်ကို လမ်းခွဲသွားပြီ! အဟက် ! ပျော်ကြတယ်မလား!"
ထယ်ယောင်းက မျက်ရည်တွေစီးကျကာ အက်ရှရှရယ်လျက် အော်ပြောသည်။ပျက်ယွင်းနေတဲ့ မျက်နှာတွေကို ဂရုမစိုက်။ရင်ဘက်ကျယ်က ပိန်းလိုက်ဖောင်ရလိုက်ဖြစ်နေကာ ကျားရိုင်းတစ်ကောင်လို စူးရဲနေသည်။
"ဒီကောင့်ဘက်ကိုတော့ မကြည့်ကြဘူး ! အဟား! ကိုယ့်အတ္တပဲ ကိုယ်သိကြတာ! အခု ကင်မ်ထယ်ယောင်းက သောက်သည်းကွဲနေပြီလေ!"
သားဖြစ်သူရဲ့ ပုံစံကိုကြည့်ရင်း ကင်မ်သခင်ကြီးမှာ ဘာမှမဆိုနိုင်တော့ ။ဝမ်းနည်းသယောင်မျက်ဝန်းတွေက ထင်ဟပ်လာသည်။လက်ဆစ်တွေ ကွဲပြဲနေကာ သွေးတွေက ကြမ်းပြင်တစ်စက်နဲ့ ပထမတစ်ကြိမ်ထပ် ဆိုးရွားတဲ့အနေအထားက ဆရာဝန်လေး လမ်းခွဲလိုက်လို့ပါတဲ့။မေမေ့ပရောဂမကင်းတာမို့ သားငယ်က ပိုပေါက်ကွဲနေတာ။ကိုယ်တိုင်လည်း သဘောမတူပေမယ့် အခုလိုမျိုးတော့ မမြင်ရက်။သားငယ်က ရင်ဘက်က အင်္ကျီစကို ဆုတ်ကိုင်ရင်း အဆက်မပြတ်အော်ပြောနေတာ မရပ်တန့်။
CZYTASZ
BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )
FanfictionTop : Kim Taehyung Bottom : Jeon Jungkook Start Date : 14 . 8 . 2023 End Date : 27 . 1 . 2024 #Nectarine #I don't own photos that contain in this fic.