Unicode
"ညနေ တက်စရာပွဲရှိတယ်~ အဲ့တာ ဦးငယ်တို့သားအဖပါ လိုက်ရမှာ~"
အလုပ်သွားတော့မည့်သူအတွက် အဝတ်ရွေးပေးနေရင်းမှ ရေချိုးခန်းအဝကိုကြည့်မိလိုက်သည်။အခုလေးတင် ရေချိုးပြီးပုံရကာ ဆက်လက်ကျနေသော ရေစက်တွေက မောင့်ရဲ့ လစ်ဟာနဲ့ အပေါ်ပိုင်းတွင် ပြေးလွှားလျက်ရှိတုန်း။
"ဟင် ခုမှလား ? "
"ဝတ်စုံကို မောင်ပို့ပေးလိုက်မယ်~ လာကြိုဖို့ပါ တစ်ခါတည်း~"
"မောင်ကရော ~"
မောင်က ခပ်အေးအေးပဲအနားရောက်လာကာ အပေါ်ရှပ်အဖြူကို ဝတ်လိုက်တာမို့ ဂျောင်ကု မောင့်အင်္ကျီကြယ်သီးအားတပ်ပေးရင်မေးလိုက်တာ။အရင်ကလည်း မောင်နဲ့အတူ ပွဲတွေတက်ပေမယ့် မောင်မပါတာ ပထမဆုံးကြိမ်ဖြစ်သည်။ဒါကြောင့် ဂျောင်ကုမေးလိုက်ခြင်း။မောင်က သူ့လုပ်သမျှကို ငုံ့ကြည့်နေရင်းမှ...
"မောင်က လေလံပွဲကနေတစ်ဆင့်လာရမှာ ~ ပြီးရင် အထက်လူကြီးပိုင်းနဲ့ တွေ့ရမှာမို့ ကြိုစောင့်နေလိုက်မယ်~"
"အင်းအင်း~"
"အသဲတုံးရော ~"
"မောင့်သမီးက သူ့ဖွားဖွားနေလို့မကောင်းဘူးလည်း ကြားရော ဖွားဖွားကြီးကို သွားနှိပ်ပေးမလိုဆိုပြီး သွားတယ် ~"
"အဟွန်းး !"
တစ်အိမ်လုံးရဲ့ အသဲကျော်လေးကြောင့် ထယ်ယောင်း အသံထွက်သည်အထိရယ်လိုက်မိသည်။တစ်နေ့ပြီးတစ်နေ့ တတ်လာလိုက်တဲ့စကားတွေဆိုတာလည်း မပြောနဲ့ အကုန်သိ။တစ်ဦးတည်းသော သမီးလေးက အဖေနှစ်ယောက်နဲ့နေလို့ ယောကျ်ားဆန်မယ်မထင်နဲ့ လှချင်လိုက်တာ မင်းသမီးတွေပင် အရှုံးပေးရသည်။အပြင်ထွက်တိုင်း နှုတ်ခမ်းနီဆိုးရမှ။ခုလည်း သူ့အဖွားကို သွားချွဲတာမသိရင်ခက်မယ်။
"ပြီးရင် ဟိုမှာဘာတွေပူဆာအုံးမလဲမသိဘူး ~"
"လွှတ်ထားလိုက် ~ အိမ်ကလူတွေက အသဲတုံးနဲ့မှ ကိုက်မှာ ~"
"မောင်ကလည်း ~ အခြားဆိုကိုယ်မပြောဘူး ~ မောင့်သမီးက ပူဆာလိုက်ရင် သူ့အဘွားလည်ပင်းက ဆွဲကြိုးချည်းပဲ ~"
YOU ARE READING
BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )
FanfictionTop : Kim Taehyung Bottom : Jeon Jungkook Start Date : 14 . 8 . 2023 End Date : 27 . 1 . 2024 #Nectarine #I don't own photos that contain in this fic.