Unicode
ကျယ်ပြန့်လှတဲ့ အခန်းက တမြေ့မြေ့နဲ့ အအေးဓာတ်ပိုနေသည်။သင်းသင်းလေးရနေတဲ့ ပန်းနံ့လေးကို ကျော်လွန်ကာ တိတ်ဆိတ်နေသည်မှာ ရောယှက်နေတဲ့ အသက်ရှူသံကသာ ဖုံးလွှမ်းနေသည်။ဆုံလည်ကုလားထိုင်ထက်ရှိ ရွှေကိုင်းတပ်မျက်မှန်အောက်က ရှည်မြောမြောမျက်ဝန်းတွေက အလိုမကျမှုတွေအပြည့်။
မှန်စားပွဲကြီးထက် ပြန့်ကျဲနေတဲ့ ဓာတ်ပုံတစ်ပုံချင်းစီက အတွေးများစေသည်။ဖခင်ဖြစ်သူပင် မယုံနိုင်လောက်အောင် မြင်ရခဲတဲ့ သားဖြစ်သူရဲ့ အပြုအမူတွေတဲ့လား။နူးညံ့နေတဲ့ အကြည့်တွေ အပြုံးနုနုတွေ ညင်သာလွန်းတဲ့ အပြုအမူတွေက ကင်မ်ထယ်ယောင်းရဲ့စရိုက်နဲ့ ကွဲပြားနေသည်။တကယ်ပဲ သားဖြစ်သူက ဒီကလေးနဲ့ ငြိတွယ်နေသည်ဆိုတာ လက်ခံရတော့မည်လား။
"ဆိုတော့ ဒီဆရာဝန်နဲ့ ငါ့သားက အတူတူနေတာလား?"
"ဟုတ်ပါတယ်~ပြီးတော့ ဆရာဝန်လေးက အိမ်ထောင်ကွဲပါ~"
"ဘာ!"
ကင်မ်သခင်ကြီးရဲ့ အသံက ဟိန်းခနဲဖြစ်သွားသည်။ရှေ့က ဘော်ဒီဂတ်ခေါင်းဆောင်သည်ပင် ရှေ့တွင် စုထားသည့် လက်ချောင်းတို့ ကစားမိသည်အထိ။
"ဆရာဝန်လေးရဲ့ အမျိုးသားဟောင်းကလည်း ပြည်သူ့ဆေးရုံကြီးမှာပါပဲ~"
"ငါ့သားက အဲ့ဒါတွေသိတယ်လို့ ထင်လား ! ဘယ်လိုမြင်လဲ ဟန်ချော !"
"သိပါတယ် ဥက္ကဌ~ ဘာလို့ဆို သူတို့ ပြသနာတက်တာကို ကျွန်တော်တွေ့လို့ပါ ~"
"ကျစ် ! ကင်မ်ထယ်ယောင်း ဘာတွေလုပ်နေတာလဲ? "
မျက်မှန်ကို ချွတ်ကာ ကုလားထိုင်နောက်ကြောအား မှီချလိုက်သည်။မျက်တောင်တို့ကိုပါ တစ်ပါတည်း မှိတ်ချလိုက်ပြီး သက်ပြင်းများကို အကြိမ်ကြိမ်ချမိသည်။
ကင်မ်ထယ်ယောင်းရဲ့ အမူအကျင့်ကို သိနေတာမို့ ဒီကောင်လေးအပေါ် သားဖြစ်သူက တကယ်စွဲလမ်းနေတာသိသည်။အိမ်တော်အထိ တစ်ဖက်လှည့်နဲ့ခေါ်လာတာပဲကြည့်လေ။အဲ့လိုဘဲ ထိန်းချုပ်ရခက်တဲ့ သားဖြစ်သူကို ကိုင်တွယ်ဖို့လည်း ခက်ခဲသည်။ဘယ်လိုပဲဖြစ်ဖြစ် အိမ်ထောင်ကွဲတစ်ယောက်နဲ့တော့ လက်မခံနိုင်။တားရမှာပဲ!
YOU ARE READING
BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )
FanfictionTop : Kim Taehyung Bottom : Jeon Jungkook Start Date : 14 . 8 . 2023 End Date : 27 . 1 . 2024 #Nectarine #I don't own photos that contain in this fic.