Bond of Love : 12

2K 179 95
                                    

Unicode

"ရတယ်ဆို ~ ကိုယ့်အဖွားကို ကိုယ်ဂရုစိုက်~"

အသံလှိုင်းဖျော့ဖျော့က ဖုန်းလေးမှတဆင့်ဖြတ်သွားသည်။တုံ့ပြန်မှုဟာ လွမ်းဆွတ်ခြင်းကိုပြနေသော်ငြား တစ်ဖက်လူရဲ့ တင်းခံနေတဲ့စိတ်က တည်ငြိမ်နေပြန်သည်။ဘဝင်မကျတဲ့သူကတော့ မျက်မှောင်ကို လိုသည်ထက်ကျုံ့လို့ထားသည်။

"ဦးငယ်တစ်ယောက်တည်း စိတ်မချပါဘူးဆိုကွာ~"

အသံရှည်လေးဆွဲကာ ထယ်ယောင်းပြောလိုက်တာဖြစ်ပေမယ့် တစ်ဖက်က ဦးငယ်ဆီကတော့ သက်ပြင်းချသံသာကြားရသည်။

အဖိုးကြီးပေါက်စက roလို့ကိုမရဘူး!

"ကိုယ်ကလေးမဟုတ်ဘူးနော် ~ တကယ့်ကလေးက ဘယ်သူလဲဆိုတာ ကိုယ့်ကိုသိ~"

"အချိန်တန်ရင်သိမှာပါ~"

အမြဲ ကလေး ကလေးနဲ့ ပြောနေတာမို့ ပက်ခနဲပြန်ပြောလိုက်တော့ တစ်ဖက်က ဘာမှပြန်မဖြေလာ။အဲ့လို ငြိမ်သွားတော့လည်း မနေတတ်။

ထယ်ယောင်းက ဖုန်းကိုင်ထားလျက်မှ အခန်းထဲက ထွက်လာကာ...

"ဦးငယ်~"

"ကိုယ်နားထောင်နေတယ်~"

"လွမ်းတယ်~"

တိုးညင်းကာ နူးညံ့နေဟန်တူတဲ့ ရှတတအသံလေးက ဂျောင်ကုကို ကြက်သီးလေးတွေထစေသည်။အလိုလိုဖိကိုက်မိတဲ့ နှုတ်ခမ်းက တုံ့ပြန်မှုဖြစ်လိမ့်မည်။သို့သော် အသိကပ်လာပြန်တဲ့အခါ ...

"ချာတိတ်ပြန်သွားတာ ၂၄နာရီမပြည့်သေးဘူးနော်~"

အဖွားဖြစ်သူနေမကောင်းလို့ဆိုပြီး အိမ်ပြန်သွားတဲ့ကောင်လေးက တစ်နေ့မကုန်သေး ဖုန်းဆက်လာတာဖြစ်သည်။ဂျောင်ကုဟာလည်း တာဝန်ချိန်ထဲမှာဆိုပေမယ့် roundလှည့်ပြီးအပြန်မို့ ခဏအားနေတာကြောင့် ခုလိုဖုန်းပြောနေမိတာဖြစ်သည်။

"မရတော့ဘူးကွာ တွေ့ချင်လာပြီ~ခု ဘယ်မှာလဲ?"

"ဆေးရုံမှာပေါ့ကွ~"

"အင်းးး!"

တီ__!

တိကနဲ ပြတ်ကျသွားတော့ ဂျောင်ကုအလိုမကျစွာ နှုတ်ခမ်းလေးဆူမိသည်။ဘာတွေအရေးကြီးကိစ္စရှိလဲမသိ လူကိုတောင် နှုတ်ဆက်ဖော်မရ။ဒါလားချစ်တာ။

BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )Where stories live. Discover now