Bond of Love : 25

2.4K 191 92
                                    

Unicode

ဝူးးး!!!

အချိန်မတော်ကြီး ခြံထဲသို့တရကြမ်းမောင်းဝင်လာသည့် ကားမီးရောင်စူးစူး။ဒေါသတွေကို ထိုကားလေးပေါ်ပုံချထားပုံပေါ်သည်။တင်းနေတဲ့လက်သီးဆုက်လေးက အကြောလေးတွေထင်းနေကာ နှုတ်ခမ်းထောင့်မှ စီးကျနေသည့်နီပျစ်ပျစ်အရည်တို့ဖြင့် အောက်နှုတ်ခမ်းပါးဟာ အဆမတန်ဖိကြိတ်ထားခြင်းခံရသည်။မျက်ရည်စီးကြောင်းဟာ မိက်ကပ်သားတို့ပြည့်နေသည့် ပါးပြင်မို့မို့ထက် အရာလေးပင်ထင်လို့။

ကျွီ....!

စင်ဝင်ရှေ့ထိုးရပ်လာပြီး တံခါးဖွင့်သံကျယ်ကျယ်က ဟိန်းခနဲ။အလှည့်ကျစောင့်နေတဲ့ အစောင့်တွေပင် တအံ့တဩ။သူတို့ရဲ့ အနာဂတ်သခင်မလေးက အိမ်တော်ကို မလာစဖူးလာတဲ့အပြင် ညအချိန်မတော်ကြီး။

"ဟဲ့ အချိန်မတော်ကြီး စည်းမရှိ ကမ်းမရှိနဲ့ ! ရာရာစစ ကင်မ်အိမ်တော်ကိုများ !"

ဆယ်နာရီဆိုအချိန်ဟာ အရမ်းနောက်မကျသေးသည်မို့ ကင်မ်သခင်မကြီးဟာ ဧည့်ခန်းထဲ လုပ်နေကျအတိုင်း လမ်းလျှောက်နေသည်။သို့သော် ဆူဆူညံညံအသံကြောင့် မာန်တင်းတင်းဆိုတော့ သူမရှိရာပြေးဝင်လာတဲ့ဆိုရာ။မျက်ရည်လည်ရွှဲနဲ့ တစ်ခုခုဖြစ်လာခဲ့ပုံပဲ။

မဟုတ်မှ မြေးက ဘာတွေအကွက်ရွှေ့ပြန်ပြီလဲ?

"အဖွား ~ "

"ဆိုရာလေး လာ လာ "

ဘေးနားမှ အကူအချို့ရှိသေးတာမို့ ဆိုရာလက်ကိုဆွဲကာ သူမအခန်းရှိရာခေါ်လာလိုက်သည်။အသက်ရလာပြီမို့ လှေကားအမြင့်တွေတက်စရာမလိုအောင် သူမအခန်းက အောက်ထပ်ပဲဆိုတော့ အဆင်ပြေသည်။

"ယောင်း ယောင်းက လေးငယ်နဲ့ အင့် !"

အခန်းထဲရောက်ရောက်ချင်း အားကိုးရသလို ကလေးတစ်ယောက်နှယ်ဖြင့် သူမခါးအား ဖက်ငိုလာသည်။တစ်စွန်းတစ်စအရ သူမထင်သလိုဆိုတာ သေချာသည်။ပြီးတော့ နားလည်လွယ်သူမို့ ထိုကလေးမလေးမပြောလည်း အခြေအနေတစ်ခုကို ရိပ်စားမိသည်။

မြေးငယ်ကို လျှော့တွက်လို့မရ။သူမ ဟိုဆရာဝန်လေးကို အမျိုးမျိုးသိမ်းသွင်းပြီးအချိုသပ်ထားတာတောင် အခု မြေးငယ်က လုံးဝလက်မလျှော့ဘဲ အတူအိပ်ကြတဲ့အထိဖြစ်လာခဲ့သည်။တစ်ဖက်က ဆရာဝန်လေးကပဲ တုံးတာလားမပြောတတ် အခြေအနေက သိပ်တော့မဟန်။ကမူးရှူးထိုးနိုင်တဲ့ မြေးငယ်နဲ့တော့ သူမလည်း ဗျာများရသည်။

BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )Where stories live. Discover now