Bond of Love : 7

2K 197 53
                                    

Unicode

"အဲ့တော့ ကွာရှင်းလိုက်ကြပြီပေါ့~"

တင်းမာနေသည့် လေသံအေးက ဧည့်ခန်းကျယ်ထဲလွင့်နေသည်။မျက်နှာထားကပါ အေးစက်တည်ငြိမ်နေကာ မျက်ဝန်းတွေက စူးရှနေသည်။ထိုအဓိပ္ပါယ်ရဲ့အတိမ်အနက်ကို သိတဲ့သူကတော့ မျက်ဝန်းစူးတွေကို ရင်မဆိုင်ရဲစွာ ခေါင်းငုံ့ရင်း အရဲစွန့်ဖြေသည်။

"ဟုတ်ကဲ့~"

တိတ်ကျသွားတဲ့အခန်းထဲရှိ လေထုကခြောက်ခြားစရာကောင်းလွန်းပါသည်။ဂျောင်ကုလက်ဖဝါးလေးတွေပွတ်သပ်ကာ မေမေကြီးရဲ့စကားတွေကို စောင့်နေလိုက်သည်။သို့သော် ဘာတုံ့ပြန်မှုမှမရှိခဲ့။အဲ့ဒီအစား ဂျောင်ကုဘေးတွင်ထိုင်နေတဲ့ မရီးက ဂျောင်ကုရဲ့ဘယ်ဘက်ပခုံးကို ခပ်ဖွဖွပုတ်ပေးလာသည်။

"ကောင်းတယ် ~ မမလည်း ထောက်ခံတယ် ဒီလိုသစ္စာမရှိတဲ့ကောင်နဲ့ ဆက်မပေါင်းနဲ့~ မမမှာ မိတ်ဆွေတွေ အများကြီး~ မျိုးရိုးမြင့်ပြီး အကုန်လုံးက သူ့တန်းနဲ့သူ~မမရဲ့မတ်ကလေးနဲ့ ပေးတွေ့ပေးမယ်~"

"မေမေကလည်း လေးငယ်က အခုမှ ကွာရှင်းထားခါစလေ~ဘယ်လိုဖြစ်လို့ ဇွတ်တွေစီစဉ်နေတာလဲ?"

"မေမေရဲ့ဆိုရာလေး မင်္ဂလာဆောင်မှာ စုံတွဲလေးတက်စေချင်လို့ပေါ့ရှင်~"

မရီးကတော့ ချက်ချင်းကို မိတ်ဆက်ပေးဖို့တက်ကြွနေတာ။တူမလေးကတော့ သူ့စိတ်ကိုအသိဆုံးလို့ပြောရမလား သူ့ဘက်ကနေပြောပေးနေသည်။

ဒီတူမလေးက သူနဲ့သွေးမတော်သလို အသက်ကလည်း ဆယ်နှစ်ပင်မကွာပေမယ့် အချစ်ပိုရပါသည်။မလာချင်တဲ့ ဒီအိမ်တော်ကြီးကို လာနေရတာကလည်း ဒီတူမလေးကြောင့်သာ။

အခုတော့ သားအမိကြားမှာ ထိုင်နေမိတဲ့ဂျောင်ကုက ခပ်နုနုလေးပြုံးကာ တစ်ချက်ဝေ့ကြည့်ရင်း...

"ကျွန်တော် ဒီတိုင်းအဆင်ပြေပါတယ် ~ စိတ်မပူကြပါနဲ့~ အခုလာတာက အသိပေးတာပါ~ အဓိကက ကျွန်တော့်တူမလေးကို လာချော့တာ~"

"ဟွန့် ! လေးငယ်ကို မျှော်နေတဲ့ဟာ ~မလာတော့ ဆိုရာတကယ်ဝမ်းနည်းနေတာ~"

အချွဲပိုလေးက သူ့ခါးလေးကို သိုင်းဖက်လာကာ လက်မောင်းထက် ပါးလေးအပ်ရင်း ခပ်မဲ့မဲ့လေးဆိုသည်။ဂျောင်ကုလည်း ဒီချစ်စရာကောင်းတဲ့တူမလေးရဲ့ ဆံပင်လေးတွေကို ဖွဖွကလေးပွတ်ပေးတော့ ငြိမ်နေလေရဲ့။ဆိုရာတို့က အဲ့လိုလုပ်ပေးရင် သိပ်ကြိုက်တာလေ!

BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )Where stories live. Discover now