Bond of Love : 26

2.2K 189 95
                                    

Unicode

ခြေဗလာနဲ့ပြေးထွက်လာခဲ့သည့် လမ်းတစ်လျှောက် နီနီရဲရဲသွေးကွက်အချို့က စွန့်ကျန်ခဲ့သည်။နာကျင်မှုဆိုတာတောင် မခံစားနိုင်တော့တဲ့အထိ ထုံကျဉ်နေတဲ့ဒီခန္ဓာဟာ ဗလာကျင်းနေသည်။ဝေဝါးနေတဲ့ မျက်ဝန်းအိမ်ဟာ ပုလဲဥတို့ ပြည့်လျှံနေပြီး ဦးတည်ရာမဲ့နေသည့် လမ်းတွေဟာလည်း ဟိုရောက်ဒီရောက်။အဝေးဆုံးကို သွားရမယ်ဆိုတဲ့စိတ်ကပဲ ရှေ့ပြေးနေခဲ့တာ။ထပ်ခါထပ်ခါပြန်ကြားနေတဲ့ စကားလုံးတွေ ၊ ပြုံးရိပ်သန်းနေတဲ့ ထိုနှုတ်ခမ်းအစုံ နဲ့ အဲ့နောက်ကွယ်က ဂျောင်ကုအပေါ်အထင်မြင်သေးမှုတွေက ဘယ်လောက်များ လှောင်ချင်စရာကောင်းနေလိုက်လဲ။

လုပ်ရက်လိုက်လေခြင်း ! ပြောထွက်လိုက်လေခြင်း !

ဆိုတဲ့နောက်မှာ ဂျောင်ကုရဲ့အရာရာဟာ မြေခကာ ကြွေမွကုန်သည်။ချစ်လွန်းလို့ ဘာလုပ်လုပ် နားလည်ပေးခဲ့သမျှဟာ အစွန်းရောက်လွန်းတဲ့အခါ တင်းလွန်းတဲ့ကြိုးလည်း ပြတ်ထွက်ရတာပါဘဲ။ကိုယ့်အပေါ် ဘယ်လိုလှည့်ဖျားကပါစေ၊မိသားစုအပေါ် ပတ်ဝန်ရကျင်ကလူအထိ စိတ်လိုက်မာန်ပါလုပ်ခဲ့တာတောင် အပြစ်ဆိုလို့မယူရက်ခဲ့ဘူး။ငါ့ကြောင့် ပါလားဆိုတဲ့အသိနဲ့ ကောင်လေးကိုပဲ စိုးရိမ်ခဲ့တာ။အခုလို စောင့်ထိန်းထားခဲ့တဲ့သိက္ခာတွေ ကိုယ်ကျင့်တရားတွေအထိ မိသားစုဆွေရှေ့ပြောထွက်စေဖို့မဟုတ်ခဲ့ဘူး။

အဲ့တစ်ခုလေးတော့ ယုံခဲ့မိတာပါ !
ဒါပေမယ့် သူမို့လို့ !

"ဦးငယ် ! "

"ဖယ် ! ငါ့ကိုမထိနဲ့ ! ရွံတယ် !"

နောက်ကပြေးလိုက်လာကာ ခပ်ဟန်းဟိန်းအော်ခေါ်သံကိုလစ်လျူရှုပစ်လိုက်သည်။မကြားချင်ဘူး။အဲ့ခေါ်သံကို တစ်သက်လုံးမကြားချင်မိတဲ့အထိ။ဒါမဲ့ ဂျောင်ကုဆုတောင်းတွေမပြည့်ခဲ့။ဆုပ်ကိုင်ခံလိုက်ရတဲ့ လက်ကောက်ဝတ်နဲ့ ဆွဲလှည့်ခံလိုက်ရတဲ့ကိုယ်လေးဟာ အလဲလဲအပြိုပြို။သို့သော် မသတီစွာ ရုန်းခါပစ်လိုက်သည်။

"ကျွန်တော် _"

"ကင်မ်ထယ်ယောင်း မင်းကျေနပ်လား? ငါ့ကို အရှက်ခွဲရတာ ကျေနပ်လားလို့ !"

BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )Où les histoires vivent. Découvrez maintenant