Unicode
"ထွက်သွား !"
နှင်ထုတ်သံက နာကျင်စရာတော့ကောင်းသည်။နှင်တဲ့သူကလည်း မျက်ရည်တွေလျှံနေသလို အပြစ်လုပ်သူဟာလည်း ခံယူဖို့ဖြစ်လာတာမို့ မတုန်မလှုပ်ငြိမ်သက်နေသည်။
ဧည့်ခန်းကျယ်တွင် ထိုင်နေသူမရှိ မျက်နှာချင်းဆိုင်အနေထားနဲ့ မတ်တပ်ရပ်လျက်ဖြစ်သည်။ထယ်ယောင်း အချိန်ကြာကြီးမစွဲချင်တာမို့ ဦးငယ်ကို အားလုံးဖွင့်ပြောပြလိုက်သည်။ဆေးရုံတွင် လိမ်ညာပြီးပြောကာ ဘာအတွက်အနားမှာနေလဲဆိုတာကအစဖြစ်သည်။အလုပ်ကပြန်လာတဲ့သူက ပြုံးနေရာမှ မျက်ရည်တွေလျှံတက်လာကာ ထယ်ယောင်းကို စိမ်းစိမ်းစူးစူးကြည့်သည်။အံကြိတ်ထားလျက် လက်သီးဆုပ်ကလေးတွေတင်းနေကာ မျက်ရည်မကျအောင်ထိန်းနေသည်။
ခွင့်လွှတ်ဖို့မတန်ပေမယ့် အတ္တကြီးစွာ ဦးငယ်ရဲ့ခွင့်လွှတ်မှုကိုတော့လိုချင်မိသည်။ထယ်ယောင်းစပြောကတည်းက ငြိမ်နေသူဟာ နောက်ဆုံးမှာ ထွက်သွားဆိုသည့်စကားသာလျှင်ဆိုသည်။
"မသွားဘူး ဦးငယ် ခွင့်မလွှတ်မချင်း မသွားဘူး!"
"မင်း မသွားရင် ငါသွားမယ်!"
ဂျောင်ကု လက်တွေကို ဆုပ်ကိုင်လာသူအား အထိမခံဘဲ ရုန်းပစ်လိုက်သည်။ဒီနှစ်က ဂျောင်ကုအတွက်ကံဆိုးစေသည်လားမသိ ကိုယ်ယုံကြည်အားကိုးမိတဲ့သူတွေကပဲ ကိုယ့်ကိုလှည့်ဖြားနေသည်။ခဲမှန်ဖူးတဲ့စာက နှစ်ကြိမ်တိတိဖြစ်လာတဲ့အခါ တောင့်မခံနိုင်တော့။
ထိချက်ကပြင်းလွန်းလို ဂျောင်ကုခြေတွင်ပင်မခိုင်တော့။ဒီကောင်လေးရှေ့မှာ ထပ်ပြီးမပြိုလဲချင်တော့ဘူး။အရင်ချိန်တွေက ကွယ်ရာမှာ လှောင်ခဲ့ရုံနဲ့တင် လုံလောက်ပြီပေါ့။ဂျောင်ကု နေရာကနေလှည့်ထွက်ဖို့ပဲ ကြိုးစားတော့သည်။သို့သော် လုပ်ချင်ရာလုပ်တဲ့သူက ဂျောင်ကုကို အမိအရလှမ်းဆွဲကာ နောက်ကျောကနေ သိုင်းဖက်ထားသည်မှာတင်းတင်းကြပ်ကြပ်။လက်တွေကို ရုန်းမရအောင် ဖက်ထားသည့်အပြင် ပခုံးပေါ်ကိုပါ သူ့မေးစေ့ချွန်ချွန်ကို တင်ပစ်သည်။
"ဦးငယ်လည်း မသွားရဘူး~"
"လွှတ်စမ်း!"
"ကျွန်တော် လွှတ်လိုက်ရင် ဦးငယ်က ထွက်သွားမှာပေါ့~ အဲ့အစား ခဏလေးပဲ နားထောင်ပေးပါကွာ~"

KAMU SEDANG MEMBACA
BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )
Fiksi PenggemarTop : Kim Taehyung Bottom : Jeon Jungkook Start Date : 14 . 8 . 2023 End Date : 27 . 1 . 2024 #Nectarine #I don't own photos that contain in this fic.