Unicode
[ This part contains mature contents.So if you're under 18 years old, then be good babies and don't read ]
A/N : plot development ရယ်လို့အများကြီးမပါ ပါဘူးရှင်။ဒါမဲ့ တစ်စုံတစ်ကင်မ်က အကွက်တစ်ကွက်ပြတာလေး သိချင်ရင် ဖတ်ကြည့်ပါ။
မှောင်ရီပျိုးစအချိန်တစ်ခု...တကျီကျီအသံလေးတွေနဲ့အတူ လေတိုးသံက ဟိန်းလျက်။တိတ်ဆိတ်နေတဲ့ဝန်းကျင်ကြောင့်မို့ထင်သည်...သစ်ရွက်အချင်းချင်းထိတွေ့လျှင်တောင် တိုးပျပျအသံလေးကထွက်သတဲ့။
မြို့ပြကြီးရဲ့အစွန်းဟာ လူချေနည်းသသည်မို့ အတ္တတို့ကင်းကာ ပကတိအေးချမ်းသည်။ဆိုးကျိုးကတော့ မကောင်းမှုပြုသူတို့အတွက် အခွင့်ကောင်းနေရာပေါ့။
ဒီနေ့မှ ကောင်းကင်ကြီးကအထီးကျန်စွာ တိမ်ညိုတို့ ရိပ်မြူးနေသည်။နက်ဆွေနေတဲ့အိမ်ကြီးကလည်း ဝန်းကျင်နဲ့အပြိုင်ပေါ့။
ထယ်ယောင်း အပန်းဖြေမှာလာနေတာကြာပြီးဖြစ်သည်။ညတိုင်း အိမ်ကြီးထဲတစ်ယောက်တည်းသာနေပြီး အဖော်အဖြစ်တော့ သစ္စာအရှိဆုံးအရက်နဲ့သာ တစ်ညလုံးနီးနီးကုန်ဆုံးလေ့ရှိသည်။ထိုတင်မက တမြေ့မြေ့လှိုက်စားတတ်တဲ့ ဆေးလိပ်ကလေးကလည်း သိပ်ကိုကောင်းတာ။
အနမ်းပေးပြီး ချော့သိပ်မယ့်သူမရှိတော့ ဒီကောင်တွေကို ခဏအစားထိုးရတော့ပေါ့လေ။ကျေးဇူးတင်ဖို့တော့ကောင်းသား!
"တစ်ပတ်ရှိပြီ! သိပ်ခေါင်းကြောမာတာပဲ ဂျွန်ဂျောင်ကု !"
နှုတ်ခမ်းညိုကြားက သုံးလိပ်မြောက်ဆေးလိပ်အပိုင်းစလေးကို နောက်ဆုံးအကြိမ်မှုတ်ထုပ်ပစ်ရင်းရေရွတ်လိုက်သည်။အကြံစည်အချို့ကြောင့် ရောက်ဖို့ဖိတ်ခေါ်ထားတဲ့လူသားဟာ အကြောတော့တင်းသည်။လူလုံးကိုထွက်မပြသေးတာ။
KAMU SEDANG MEMBACA
BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )
Fiksi PenggemarTop : Kim Taehyung Bottom : Jeon Jungkook Start Date : 14 . 8 . 2023 End Date : 27 . 1 . 2024 #Nectarine #I don't own photos that contain in this fic.