Unicode
ချက် !
လော့ခ်မချထားတဲ့အခန်းက ခပ်ဖြည်းဖြည်းပွင့်လာပြီးတဲ့နောက် အပြာနုရောင်pajama လေးဟာ အမြင်အာရုံတွေကို ဖမ်းစားလေသည်။နဂိုဖြူနုနေတဲ့နေတဲ့အသားရည်က ရုတ်တရက်တွေ့လိုက်တာတောင် အမှတ်ရထင်ကျန်စေသည်။ရေချိုးပြီးခါစမို့ ထင်ပါရဲ့ မျက်နှာဝိုင်းဝိုင်းက ရှင်းသန့်ကာ ဆံပင်ကောက်ကလေးတွေက ခပ်ဖွဖွလေး။လဲ့နေတဲ့ မျက်ဝန်းတောက်တွေက ခုလိုချိန်မှာတောင် ကြည်စင်နေသည်။လက်ထဲတွင် သပ်သပ်ရပ်ရပ်ခေါက်ထားတဲ့အဝတ်ကို ကိုင်လာကာ သူ့အာရုံက ထယ်ယောင်းဆီမရောက်။
"ချာတိတ် ! ပြီးပြီလား ကိုယ်__!"
နောက်ဆုံးတော့ အဖိုးကြီးတွေ့ပါပြီ။စကားပင် ဆက်မပြောနိုင်ဘဲ မျက်နှာလေးက ပန်းနုရောင်လှိုင်းလေးပြေးသွားသည်။ဒီလောက်နဲ့တင် ဒီအဖိုးကြီးပေါက်စ ဘာကြိုက်လဲဆိုတာ ရိပ်မိတာမို့ ထယ်ယောင်း နှုတ်ခမ်းတစ်ဖက်အား မသိမသာတွန့်လိုက်သည်။
ထယ်ယောင်းကလည်း တစ်ကိုယ်လုံးချွေးစေးတွေနဲ့ရော ဆေးရုံအနံ့နဲ့ရောကြောင့် ရေချိုးလိုက်တာဖြစ်သည်။ဝတ်စရာမရှိသည်မို့ ရေချိုးခန်းထဲက သဘက်အဖြူအား ခါးစပ်တွင် ခပ်လျော့လျော့ပတ်လိုက်ပြီး ကျန်တစ်ထည်အား ဘယ်ဘက်ပခုံးပေါ်တင်ထားတာဖြစ်သည်။တဘက်ကကြီးတာမို့ သူ့ရဲ့အကူညီနဲ့ခန္တာကိုယ်တစ်ခြမ်း ဖုံးနေပြီး ထိုသည်ကပဲ သူ့ရဲ့ဘယ်ဘက်ရင်အုံရှိမွေးရာပါ တစ်စုံတစ်ရာကို ကွယ်စေခဲ့သည်။လစ်ဟာနေတဲ့ ညာဘက်ခြမ်းကတော့ လေ့ကျင့်ခန်းလုပ်ထားလို့ တောင့်တင်းနေတဲ့ ရင်အုပ်ကျယ်နဲ့ ခပ်ရေးရေးထင်းနေတဲ့ ဝမ်းဗိုက်ကြွက်သားတို့က အပူလှိုင်းထန်စေသည်။
"ဦးငယ် ~"
"ဒီ ဒီမှာ အဝတ်တွေ ! အသစ်တွေပါ ~ကိုယ်ဝယ်ထားတာ ကြာပြီ ကြီးနေလို့မဝတ်ဖြစ်တာ ~ ချာတိတ်နဲ့ တော်မှာပါ ~"
ရှေ့က ကောင်လေးခေါ်မှ အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလိုက်မိတဲ့ဂျောင်ကု။ဘဝတစ်လျှောက်လုံး တစ်စုံတစ်ယောက်က လွဲပြီး ခုလောက်ထိမပွင့်လင်းခဲ့ဖူးတာမို့ ဒီချာတိတ်လေးနဲ့မှ ဆိုက်ဆိုက်မြိုက်မြိုက်ကြုံတဲ့အခါ အိုးတိုးအမ်းတန်းတော့ဖြစ်မိသည်။
YOU ARE READING
BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )
FanfictionTop : Kim Taehyung Bottom : Jeon Jungkook Start Date : 14 . 8 . 2023 End Date : 27 . 1 . 2024 #Nectarine #I don't own photos that contain in this fic.