Unicode
ရောင်နီတက်လာတာနဲ့အမျှ တရွေ့ရွေ့နဲ့လှုပ်ရှားသက်ဝင်လာသည့်ဝန်းကျင်။နယ်လေးဖြစ်သည်မို့ မြို့ပြကြီးတွေကဲ့သို့ ဆူဆူညံညံယာဉ်သံများနဲ့ကွဲထွက်စွာ အိမ်မွေးရော အလုပ်အတွက်ရော မွေးကြသည့် တိရိစ္ဆာန်အချို့မှ ထွက်လာသည့် အော်သံတွေက တစ်မျိုးတစ်ဖုံဖြစ်သလို ဖြတ်သွားဖြတ်လာတို့ရဲ့ သီချင်းဆိုသံ နှုတ်ဆက်သံတွေဖြင့် စည်းကားလာသည်။သို့သော် ရွာအစွန်းရှိ အိမ်ငယ်လေးတွင်တော့ အပျော်ကြီးပျော်ကာ အိပ်ရာထနောက်ကျသူလည်းရှိနေခဲ့သည်။
အားကစားဝတ်စုံအနီနဲ့ထပ်ခိုးကနေဆင်းလာတဲ့ကောင်လေးက သွားတန်းညီညီလေးတွေပေါ်သည်အထိ ရယ်နေသည်။မျက်နှာတစ်ခုလုံးက မော်ချီကာ တပ်ပြီးသားအင်္ကျီဇစ်ကို လည်ပင်းအထိ ထပ်ခါထပ်ခါ တပ်နေလျက်။အောက်ထပ်ရှိ စားပွဲဝိုင်းလေးတွင် ထိုင်နေတဲ့လူနှစ်ဦးကတော့ ခေါင်းတခါခါသာ။နေမြင့်မှထလာသော်လည်း မည်သူကမှ ဘာမှမပြောကြပေ။ဒီလိုပဲ ဖြစ်ရမှာပေါ့။
ဒီကောင်က ဘယ်သူမို့လဲ ! ကင်မ်ထယ်ယောင်းပဲလေ !
"မိုးကျရွှေကိုယ် တို့ ဒီနေ့သိပ်တက်ကြွနေပါလား?"
"အဟမ်းး ! ရာထူးတက်သွားလို့လေ !"
ထယ်ယောင်းအောက်ရောက်တာနဲ့ လူအိုကြီးက စသလိုလိုခေါ်ပြီး မေးငေါ့တာမို့ ခပ်တည်တည်နဲ့ချောင်းဟန့်လိုက်သည်။ဘေးက ဦးငယ်ကတော့ မျက်နှာလေးမဖော်။
အဟက် ! ရှက်နေတာ !
မောင်' လိုအခေါ်ခံရတာဒီကောင်လေ။ခေါ်လိုက်တဲ့သူကတော့ တစ်ညလုံး စောင်ကြီးကို ခေါင်းအထိခြုံပြီး အနားကပ်မခံတာမို့ ထယ်ယောင်းမှာ အပြင်ကနေသာ စောင်အထုပ်လိုက်လေးကို သိမ်းဖက်ပြီးအိပ်ရသည်။ပင်ပန်းနေကြတာမို့ ဒီမနက်မထနိုင်။ဦးငယ်ကလည်း မနှိုး။အခု သူနိုးတော့ကျ မနက်စာ စားဖို့ကအသင့်။စားပွဲပေါ်တစ်ချက်ကြည့်လိုက်တာနဲ့ ထယ်ယောင်းကြိုက်တာတွေချည်းမို့ မမေးလည်း ဦးငယ်ချက်တာမှန်းသိသည်။
"စားလို့ရပါပြီနော်~"
"မနက်စာက စုံလိုက်ချည်လား ? ငါ့တူက ဒါလည်း လုပ်တတ်တာပဲ~ တော်တယ်ကွာ ~"
YOU ARE READING
BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )
FanfictionTop : Kim Taehyung Bottom : Jeon Jungkook Start Date : 14 . 8 . 2023 End Date : 27 . 1 . 2024 #Nectarine #I don't own photos that contain in this fic.