Bond of Love : 14

2.1K 183 56
                                    

Unicode

"လွှတ်စမ်း!"

တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ခံထားရတာမို့ နုနယ်တဲ့ကိုယ်ဝန်သည်က ယောကျ်ားအားကိုညမယှဉ်နိုင်သလို လက်ကောက်ဝတ်ကပါရဲတက်လာသည်။ရုန်းနေရင်းနဲ့ အသံပါတုန်လာတောင် ချာတိတ်က တစ်ချက်လေးတောင်ဂရုမစိုက်ပဲ ထိုအမျိုးသမီးအား သားရဲကဲ့သို့ စူးစူးကြည့်သည်။ကိုယ့်ကို ထိလို့ ချာတိတ်က သည်းမခံနိုင်လို့ တုံ့ပြန်ပေမယ့် ဂျောင်ကုကတော့ ချာတိတ်အား မိန်းကလေးကို အနိုင်ကျင့်တဲ့သူမျိုး မဖြစ်စေချင်ပါ။

မတတ်သာတဲ့အဆုံး ဂျောင်ကုမှာ ချာတိတ်လက်မောင်းကို ဆုပ်ကိုင်လိုက်ကာ...

"ချာတိတ် လွှတ်လိုက်နော်~"

"ခင်ဗျားက ဘာအဆင့်တွေရှိနေလို့ ကျုပ်လူကို ကိုယ်ထိလက်ရောက် ကျူးလွန်ရဲတာလဲ ! တစ်ဘဝလုံး စုတ်ပျက်သွားအောင်လုပ်ဖို့ ဝင်မလေးဘူးနော်!"

ဂျောင်ကု ထိန်းနေတာတောင် ချာတိတ်က ဒေါသကြီးစွာ လွှတ်မပေးပါ။သွားကြားထဲက ထိုးထွက်လာတဲ့ ခပ်တင်းတင်းအသံနဲ့ ရှေ့ကအမျိုးသမီးကို ကြိမ်းပြီးမှ ဆောင့်လွှတ်ချသည်။

"ခင်ဗျားရဲ့ ကောင်ရော ခင်ဗျားပါ ကျုပ်လူကို လာနှောင့်ယှက်ဖို့ မတွေးနဲ့ ! ဒါနောက်ဆုံးပဲ ဖြစ်ပါစေ! နောက်တစ်ခါဆို ကျုပ် အကုန်သတ်ပစ်မှာ!"

"မင်းကများရာရာစစ! မင်းရဲ့ဂုဏ်သိက္ခာရှိလှတဲ့ ဆရာဝန်က ငါ့လူကို မြူဆွယ်နေတာရော သိလား!"

"အဟက် ! "

လှောင်ရယ်သံက ပကတိကျယ်နေသည်။ဒီမိန်းမက ပြောင်ရပြန်တွေလာပြောနေတာ။ဦးငယ်ကိုပဲ ရမယ် ။ဒီကောင်ကတော့ ဆောရီးပဲ!

"မြူဆွယ်တယ်လို့မထင်ဘူး ခင်ဗျားရဲ့ကောင်ကသာ ခွေးတစ်ကောင်လို အစာလိုက်တောင်းနေတယ်လို့ပဲထင်တယ်!"

"မင်းးး!"

အံကို တင်းတင်းကြိတ်လိုက်တဲ့ သူမက လက်နဲ့ရွယ်ဟန်ပြုပေမယ့် ရှေ့ဆက်မတိုးခဲ့။ထိုအမျိုးသမီး သိမှာပေါ့။ထယ်ယောင်းက ဦးငယ်ကိုထိရင် ကျားနေနေ မနေနေ ညှာမှာမဟုတ်မှန်း။

"ကိုယ်မွေးတဲ့ခွေးကို ကိုယ်ထိန်းမှပေါ့~အခန့်မသင့်ရင်အသတ်ခံရတတ်တယ်!"

BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )Where stories live. Discover now