Unicodeခပ်ဖွဖွလျှောက်တဲ့ ခြေလှမ်းတို့ဟာ တစ်လှမ်းချင်းဖြင့် ကျွန်းတံခါးကြီးအား ဖြတ်ကျော်လာသည်။အဆုံးသတ်ရာသည်က အခန်းအတွင်းရှိ king sizeမွေ့ယာကြီးဘေးတွင်ဖြစ်သလို သက်ပြင်းချသံကလည်း တစ်ပြိုင်နက်ဆိုထွက်လာသည်။ထို့နောက် လက်ထဲက မုန့်ထုတ်တွေထဲမှာမှ စက္ကူလေးနဲ့ပတ်ထားသည့် ဗူးက်ိုထုတ်ယူလိုက်သည်။ထိုအရာသည် ဝိုင်းပုလင်းသာဖြစ်သည်။
"ဒီမှာ ဂျောင်ကု ~ မင်းမှာတဲ့ဟာ ~"
"ဘယ်သူမှ မရိပ်မိကြဘူးမလား ?"
"အေး ငါသေချာဖွက်လာတာပါကွ ~ ဟူးး အသက်ပျောက်မလိုဘဲ ဒူးတောင်တုန်တယ် ~ နောက် ငါ့ကို အာ့တွေ မခိုင်းနဲ့ကွာ ~"
သူငယ်ချင်းငဗိုက်ရဲ့ အလှော်ကောင်းမှုကြောင့် ဆရာဝန်ကနေ ချက်ချင်းကို သူခိုးတစ်ယောက်ဖြစ်သွားသလိုပဲ။သူ့ယောကျ်ားကို ပူဆာလို့မရတာနဲ့ ဒီကဟာကြီးဆီ ပိကျိပိကျိလုပ်သည်။နောက်ဆုံး ငဗိုက်ရဲ့ဆန္ဒအရ ဝယ်လာပေးရသည်။ဝယ်လာတာတောင် ပေါ်ပေါ်ထင်ထင်မဟုတ်ခဲ့။အင်္ကျီထဲ ထည့်ဖွက်လာရသည်။ဗိုက်ထဲက ဟာလေးကြောင့်သာ လုပ်ပေးနေတာ။မဟုတ်ရင်တော့ ဝေးသေး !
"ဟာ မုန့်တွေနဲ့ရောထားတာပဲဟာ ~"
"မုန့်လည်း မတူဘူးကွ ~ စိတ်မလုံဘူး ~"
"အေးပါကွာ ~ ခုလည်း ငါက အရမ်းသောက်ချင်နေလို့ပါ ~ အာစွတ်ရုံလေ ~"
"မင်းနဲ့လည်း အများကြီးမရဘူးလေ ~"
"ဒေါက်တာအသေးလေး ရောက်နေတာလား ?"
"အောင်မယ်လေးဗျ !"
ကိုယ်စောနဲ့ကိုယ်မို့ တံခါးကို lockမချမိခဲ့တဲ့ အကျိုးက ကုတင်ပေါ်ကနေ ထခုန်မိတဲ့အထိ။မဟုတ်တာ လုပ်ထားတော့ ဘာလာ လာ လန့်နေရပြီဖြစ်သည်။အဲ့တာ ဟိုငဗိုက်ကြောင့် !
ဂျီမင် ငဗိုက်အား ကြည့်တော့ ဘာမှမလုပ်ထားသလို သူ့ယောကျ်ားကို ပြုံးပြနေလေရဲ့။သူ့ကိုတော့ ဖုတ်လေတဲ့ ငပိ ရှိတယ်တောင်မထင်။အဲ့ဒီ ယုန်သွားကြီးတွေက သိပ်ကြောက်စရာကောင်းပါရဲ့။
"ဘာမဟုတ်တာ လုပ်ထားလို့ လန့်နေတာလဲ ?"
"လုပ်စရာလားကွ ! ငါတို့က စကားပြောနေတာ မင်းကနောက်က အလန့်တကြားဆိုတော့ အော်မိတာပေါ့ကွ !"
![](https://img.wattpad.com/cover/281378799-288-k481590.jpg)
YOU ARE READING
BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )
FanfictionTop : Kim Taehyung Bottom : Jeon Jungkook Start Date : 14 . 8 . 2023 End Date : 27 . 1 . 2024 #Nectarine #I don't own photos that contain in this fic.