Bond of Love : 35

2.6K 189 122
                                    

Unicode

"အလှူရှင်က ဂျွန်ဂျောင်ကုနော် ~ သူနဲ့ တွေ့ !"

တစ်ဖက်ဆရာဝန်ရဲ့ စကားက မဆုံးလိုက်ပါ။ထိုအနားသို့ တဟုန်မချင်း ရောက်ချလာတဲ့ ထယ်ယောင်း။မျက်သားထောင့်တွေရဲတက်လာပြီး မေးရိုးတွေတင်းနေသည်မှာ အစောကကြည်နူးမှုမှ ချက်ချင်းကို ပြောင်းလဲသွားသလိုမျိုး။အန္တရာယ်များလွန်းတဲ့ ကျားရိုင်းအသွင်နဲ့ဖြစ်သည်။

"အဖွားကြီး သေချင်နေပြီလား ! ရာရာစစ ခင်ဗျားကြီးရဲ့ အသုံးမကျတဲ့မြေးအတွက် ဦးငယ်က ဘာလို့ နှလုံးလှူပေးရမှာလဲ ?"

"ဟဲ့ သူလက်မှတ်ထိုးထာရတာပဲ ?"

"ကျုပ်သဘောမတူဘူး ! ကျုပ်က သူ့ယောကျ်ားပဲ !"

ထယ်ယောင်းက သက်ဆိုင်သူဖြစ်သည့်အလျှောက် ဦးငယ်နဲ့ ပတ်သပ်လျှင် နည်းနည်းလေးမှ အကြောမခံတဲ့သူ။နှစ်ယောက်သားရဲ့ အသံက ထိုနားတစ်ဝိုက် ဟိန်းနေကာ မည်သူမှမဆွဲကြ။တစ်ဖက်ကလည်း ဒေါသကုမ္မာရဖြစ်သလို ကျန်တစ်ဖက်ကလည်း ငါစွဲ ဆွဲနေသည့် မိဖုရားဖွားစောကဲ့သို့ သူမျိုးဖြစ်သည်။

"မင်းသဘောတူတာ မတူတာ စိတ်မဝင်စားဘူး ! ပြီးတော့ ခုချိန်မှာ အဲ့အကောင်က ငါ့မျိုးရိုးထဲမှာရှိနေတာ ငါ့စကားကို လက်ခံရမှာပဲ !"

"ခင်ဗျားမျိုးရိုးထဲမှာရှိတာနဲ့ ခင်ဗျားသဘောတိုင်း လုပ်မရဘူး ! ခင်ဗျားက ဆိုင်ပဲဆိုင်တာ ! ကျုပ်ကမှ ပိုင်တာ သဘောပေါက်လား ! "

"မင်း !"

"စာရွတ်အစုတ်ပေါ်က လက်မှတ်တစ်ခုနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ ခင်ဗျားကြီးအတွေးက သိပ်သနားစရာမကောင်းဘူးလား ! "

မီးဟုန်းဟုန်းထသကဲ့သို့ နှစ်ယောက်သားက ဒေါသငယ်ထိပ်ရောက်လျက် အကြည့်တွေက လျှပ်စီးပမာ။ထယ်ယောင်းက သည်းခံစိတ်ကုန်လျှင် ဘာကိုမှ ထည့်တွက်တဲ့သူမဟုတ်။စကားတစ်ခွန်းစီတိုင်းက ပြတ်သားနေပြီး ကြောက်စရာကောင်းလောက်အောင် အေးစက်နေသည်။တစ်ဖက်လူကို ပိတ်ကျသွားသည်အထိ အာဏာစက်က ပြင်းသည်။

အဓိပ္ပါယ်မရှိတဲ့ စကားတွေ။ဦးငယ်ကို ဘယ်လိုခြိမ်းခြောက်ခဲ့လို့ လက်မှတ်ပါထိုးပေးထားရတယ်ဆိုတာလဲမသိ။ရှင်လျက်နဲ့ နှလုံးသားတစ်ခုကို ထုတ်ပေးရမယ်ဆိုတာ သိပ်ပြင်းထန်သည်။ထိုလက်ခံစရာမကောင်းတဲ့စကားတွေနဲ့ ဦးငယ်ကို သူတို့လက်ထဲထည့်ပးရအာင် သောက်ရူးမဟုတ်။ထယ်ယောင်း ဆရာဝန်လက်ထဲက စာရွက်ကို ဆွဲယူပစ်လိုက်လျက်...

BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ