Unicode
တစ်ပတ်တိတိရှိခဲ့ပြီဖြစ်သည်။ဆေးရုံသို့လည်းမသွားဖြစ်သလို အခန်းအပြင်တောင်မထွက်ဖြစ်ခဲ့။အိမ်အကူတွေအဆင်သင့်လာပေးတဲ့ ဟင်းတွေဆိုတာ အရာသိပ်မယွင်းသလို အားနည်းလာတဲ့ခန္ဓာကိုယ်ရဲ့ ကျေးဇူးနဲ့ လူက အိပ်ရာထဲတွင်သာ ခွေခွေလေး။အိပ်ရေးပျက်မှုဒဏ်ကြောင့် မျက်တွင်းလေးတွေချိုင့်လာကာ ပါးဖောင်းလေးတွေလည်း ပျောက်လုလုဖြစ်နေသည်။
အလူးအလဲမို့ ဂျောင်ကုခံနိုင်ရည်မရှိစွာပြိုလဲရသလို ပြန်ရပ်တည်နိုင်ဖို့ကြိုးစားရအုံးမည်။အနာမကျက်သေးတဲ့နှလုံးသားနဲ့ ချစ်ရသူကို တွေ့မြင်နေရရင် အလိုလိုသိမ်ငယ်လာကာ တင်းထားစိတ်တွေပျက်ပြားမှာစိုးလို့ အခုလိုတစ်ယောက်တည်း ကြိတ်ခံစားနေရခြင်းသာ။ငိုစရာမျက်ရည်တွေလည်းမရှိသလို အရာအားလုံးဟာ ထုံကျင်နေခဲ့ပါပြီ။ပြတ်ပြတ်သားသားလုပ်ခဲ့တာတောင် အလိုက်မသိတဲ့နှလုံးသားက phone contact listထဲမှ favorite ဆိုတဲ့ နံပါတ်တစ်ကလေးကို မျှော်လင့်နေမိပြန်သည်။
ဂျွန်ဂျောင်ကုက သိပ်ရူးမိုက်တာ!
"အဲ့လိုကောင်အတွက်နဲ့ မငိုစမ်းနဲ့ ဂျောင်ကု ! "
အိပ်ရာထက် ဘေးတစ်စောင်းခွေကာ ငြိမ်သက်နေတဲ့ သူငယ်ချင်းအား ကုတင်ဘေးထိုင်နေတဲ့ဂျီမင်က အားမရစွာပြောလိုက်သည်။
တစ်ပတ်လုံးဖုန်းမကိုင်လို့ စိတ်ပူပြီးလိုက်လာတာ ဒီရောက်မှ သိလိုက်တာက အသည်းကွဲနေသည်တဲ့။ဟိုသစ္စာဖောက်ကောင်ကိုလည်း ဒီတစ်ပတ်လုံးမတွေ့ရ။စိတ်ကို မနည်းထိန်းထားရကာ ဆုတ်ဖြဲပစ်ချင်နေတာပဲသိသည်။သူ့လိုကောင်ကများ ဂျွန်ဂျောင်ကုလို အဖက်ဖက်က ပြည့်စုံတဲ့သူအပေါ် ဖောက်ပြန်ရက်တယ်လို့။ဂျောင်ကုလောက် သူ့အပေါ်ချစ်ပေးခဲ့တာကိုမှ မထောက် ခွေးဇာတ်ခင်းသွားကြသည်။
အခုတော့ သူငယ်ချင်းလေးခမြာ မျက်နှာလေးညှိုးကာ လူကလည်း ဖျော့တော့တော့သာကျန်ထဲ့သည်။ဒီလိုမျိုးမြင်နေရတာ ဂျီမင်လည်း စိတ်မကောင်း။
"နာတယ် ! ရင်ဘက်ထဲကနာတာ် ဂျီမင်ရ !"
"ကိုယ်ချင်းမစာလို့ ပြောတာမဟုတ်ဘူး ဂျောင်ကု ~ မင်းရဲ့ရုပ်ရည် မင်းရဲ့အရည်အချင်းနဲ့ အဲ့လိုကောင်ထက် အဆတစ်ထောင် တစ်သောင်းသာတဲ့သူမျိုးရနိုင်တယ် ~"
YOU ARE READING
BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )
FanfictionTop : Kim Taehyung Bottom : Jeon Jungkook Start Date : 14 . 8 . 2023 End Date : 27 . 1 . 2024 #Nectarine #I don't own photos that contain in this fic.