Bond of Love : 34

2.3K 172 112
                                    

Unicode

ဒေါက် ! ဒေါက် !

တံခါးခေါက်သံကျယ်ကျယ်က မကြာခဏဆိုသလိုထွက်လာသည်။

"ဦးငယ် အရမ်းကြာနေပြီနော် ~ ဖျားလိမ့်မယ် ~"

ရှတတအသံက လေပြေအလားငြိမ်နုနေလျက်။ရေချိုးတာ ကြာတတ်တဲ့သူအား အပြင်ကနေ သတိလှမ်းပေးခြင်းဖြစ်သည်။

"ပြီးတော့မှာပါ ~"

"မောင် အဝတ်ထုတ်ထားလိုက်မယ် ~ မြန်မြန်လုပ် ~"

တစ်ဖက်က စကားပြန်မလာတာမို့ ထယ်ယောင်းအပေါ်တက်လာလိုက်သည်။ဒီနေ့က မြို့သွားကြမှာဖြစ်သည်။အသီးတွေသွားပို့ရင်းနဲ့ ဦးငယ်ကိုဆေးတစ်ခါတည်းပြမှာဖြစ်သည်မို့ ဦးငယ်က ရေချိုးတာဖြစ်သည်။ပုံမှန်ရက်တွေက ရေပက်လောက်ပဲတိုက်ပြီး အခုမှရေပြန်ချိုးတော့ ကြာနေသည်။အအေးမိမှာစိုးတာမို့ ထယ်ယောင်းမှာ အလုပ်တောင်ကောင်းကောင်းမလုပ်နိုင်ဘဲ ရေချိုးခန်းတံခါးရှေ့ ခဏခဏရောက်နေရသည်။

"ဟင် ! ဘာလေး ဆွဲကြိုးလေး ~"

အပြင်က မောင့်ရဲ့အသံကြောင့် ဂျောင်ကုမြန်မြန်လက်စသတ်ရသည်။ဆပ်ပြာအမွှေးဆီအား တစ်ကိုယ်လုံးတိုက်ပြီး ဘူးလေးအား ဘေးကစင်လေးပေါ်တင်တော့ အကြည့်ရောက်မိတဲ့မျက်ဝန်းတွေက ငွေရောင်ဆွဲကြိုးလေးအားတွေ့သည်။ဆွဲကြိုးလေးက သာမန်ကိုမှမိန်းကလေးဆွဲတာမျိုးဖြစ်သည်။လော့ကတ်ကလည်း အသည်းပုံလေး။စပ်စပ်စုစုစိတ်နဲ့ ဂျောင်ကု ထိုလော့ကတ်လေးကို စူးစမ်းကြည့်မိတော့ ပွင့်သွားသည်။အသည်းပုံလော့ကတ်လေးက နှစ်ခြမ်းလေးဖြစ်သွားပြီး ထိုအထဲတွင်ဟောင်းနေပြီဖြစ်တဲ့ ပုံလေးကို အံဝင်ဂွင်ကျထည့်ထားသည်။အဖြူအမည်းကာလာနဲ့ ဓာတ်ပုံထဲက အမျိုးသမီးက ငယ်ပုံရကာ အပြုံးလေးက အသက်ဝင်ပြီး နူးညံ့နေသည်။

"မြင်ဖူးသလိုပဲ ~ ရင်းနှီးနေတယ် ဒါမဲ့ မမှတ်မိဘူး ~"

တိုးဖျဖျရေရွတ်လိုက်တာဖြစ်သည်။ထိုအမျိုးသမီးကို ဂျောင်ကုသိသည်။အဲ့တာထက်ကိုပိုတဲ့ရင်းနှီးမှုမျိုးကို ဝဲဘက်ရင်အုံကခံစားမိသည်။သို့သော် စဉ်းစားမရ။ဘယ်အချိန် ဘယ်အခါမှာတွေ့ပြီး ဘယ်လောက်ထိသိခဲ့ကြလဲဆိုတာလဲ မသိပြန်ဘူး။သေချာတာတစ်ခုက ထိုအမျိုးသမီးရဲ့ မျက်ဝန်းဝိုင်းတို့က ရေကြည်ကဲ့သို့ အေးငြိမ့်နေမှန်းအတတ်သိသည်။

BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )Dove le storie prendono vita. Scoprilo ora