Bond of Love : 18

1.9K 167 63
                                    

Unicode

ဝန်ထမ်းတွေအတွက် သီးသန့်လုပ်ပေးထားတဲ့ ကန်တင်းက နေ့လည်ဘက်ဆို ငြိမ်နေတတ်သည်။များသောအားဖြင့် ရာထူးမြင့် ဆရာဝန်များရဲ့ break time ဆိုတော့ ဇွန်းခရင်းသံအချို့နဲ့ စကားစမြည်အသံတို့သာကြားရပေမယ့် ပုံမှန်အချိန်တွေလောက် မဆူညံ။

"ဂျောင်ကု~"

"ဟင်~"

ထမင်းပန်ကန်းကို ရှေ့ချပြီး တစ်စွန်းစ နှစ်စွန်းစသာစားတဲ့ ဂျောင်ကုက အတွေးတွေများနေမှန်းသိသာသည်။ပုံမှန်ဆို အမြဲတက်ကြွနေသူက ဒီနေ့မှာ ဇွန်းနဲ့ ထမင်းတွေကို မွှေနှောက်နေတာဖြစ်သည်။ဂျီမင်က သတိထားမိကာ ခေါ်တော့မှ ခေါင်းထောင်ကြည့်လာသည်။

"အဆင်မပြေဘူးလား ? ဘာတွေမှိုင်နေတာလဲ?"

"အဆင်ပြေပါတယ် ဂျီမင်ရာ~ငါစိတ်ပူနေတာ~"

သူငယ်ချင်းက မျက်နှာမကောင်းတော့ ဂျီမင်လည်း မနေတတ်။အခုတလော ဂျောင်ကုက အရမ်းပျော်နေတာဖြစ်သည်။ဟိုအရင်တည်းက သိခဲ့တဲ့တစ်လျှောက်လုံးမှာ ငရှုပ်လေးနဲ့မှ ဂျောင်ကု အစစ်အမှန်ကိုမြင်လိုက်ရသလိုမျိုး။သို့သော် မနေ့ကထိ အကောင်း ဒီနေ့မှ အခြေအနေမဟန်တော့ ငရှုပ်လေးနဲ့ စိတ်ကောက်နေတယ်ပဲ ထင်လိုက်မိတာ။အခု စကားအသွားအလာကို ခန့်မှန်းကြည့်ရသလောက် မဖြစ်နိုင်တော့။

"ဘာလို့လဲ ? ငရှုပ်လေးနဲ့ ပတ်သက်နေတာလား ?"

"ဟိုငါနဲ့ kidလေးနဲ့ကိစ္စကို မေမေကြီးဆီမှာ ဘယ်လိုပြောရမလဲဆိုတာ ခေါင်းခဲနေတာပါကွာ~"

"မင်းကလည်း မင်းလည်း အရွယ်ရောက်နေတဲ့လူလေ~ မင်းဆုံးဖြတ်ချက်တိုင်းဆက်လုပ်ပေါ့~"

"ဒါပေမယ့် ငါ့ကြောင့် ချာတိတ်အတွက် အခက်ခဲဖြစ်စေမှာ ကြောက်တယ် ဂျီမင်~ သူ့မိသားစုက ငါ့လို အိမ်ထောင်ကွဲကိုရော လက်ခံပါ့မလား?"

ဂျီမင်က ဘယ်လိုပဲ နှစ်သိမ့်ပါစေ ဂျောင်ကုက ရတက်မအေးနိုင်ပါ။kidကို မယုံလို့မဟုတ်ဘူး။ဂျောင်ကု မယုံတာ ကံကြမ္မာပဲ။အဆိုးဆုံးက ကြောက်စရာကောင်းတဲ့ လူတွေရဲ့စိတ်။ဟိုတလော kid သူ့အိမ်မှာ မူးလဲတဲ့နေ့တည်းက ဂျောင်ကုသတိထားမိလိုက်တာ။kidရဲ့အဖွားက သူ့ကို သိပ်သဘောမကျသလိုမျိုးပဲ။

BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )Where stories live. Discover now