Bond of Love : 9

2.1K 187 101
                                    

Unicode

"သားလေး~~"

ခွဲခန်းတံခါးကြီးပွင့်သည်နှင့် ပိတ်စအဖြူအုပ်ကာ ထွက်လာတဲ့ တွန်းလှဲပေါ်က အရာကိုကြည့်ရင်း တနင့်တပိုးအော်သံဟာ ထိုတစ်ဝိုက်ဆူညံသွားသည်။မျှော်လင့်ချက်ပေးပြီးမှ ရိုက်ချိုးခံလိုက်ရတဲ့ ခံစားချက်ဟာ ဘယ်လောက်ဆိုးရွားလိုက်လေသလဲ။အသက်တစ်ချောင်းဟာ အဖက်မတင်တဲ့အခါ လူနာရှင်ဟာ မျင်ရည်တွေပျိုးပျက်ပျက်လက်လာသည်။

တစ်စက်တည်းဆိုသလို ငူငိုင်စွာထွက်လာတဲ့ ပုံရိပ်ငယ်အားတွေ့သည်အခါ စူးစူးရှားရှားကြည့်လိုက်သည်။

ဒုန်းးး!

အရှိန်နဲ့နံရံကို အတွန်းခံလိုက်ရတာမို့ အသံကကျယ်သည်။သို့သော် စိတ်ရောလူပါ ပင်ပန်းနေတဲ့သူအတွက် တုံ့ပြန်ချက်ကမရှိခဲ့။ဘေးနားက ဆရာဝန်လေးတွေ ဝိုင်းဆွဲဖို့ပြင်ပေမယ့် လက်ကာပြလိုက်တဲ့ဂျောင်ကု။

သူနဲ့ထိုက်တန်တယ် မဟုတ်လား။ဒီထက်ပိုပြီး ခံရရင်တောင် ဖြစ်သင့်တယ်။

"သေချာပေါက် ပြန်ခေါ်ပေးမယ်ဆို ~ ကတိမတည်ဆရာဝန်! ခင်ဗျားကြောင့် ! ခင်ဗျားကြောင့် ကျုပ်သားလေး သေရတာ!"

"တောင်းပန်ပါတယ်~"

"တောင်းပန်လို့ရမလား? ဆုံးရှုံးသွားတာ အသက်တစ်ချောင်း! ခင်ဗျားတို့ အသုံးမကျလို့!"

ကိုယ်တိုင်က ရင်ဘက်ထဲ တစ်ဆို့ကာ ပြန်ပြောစရာရယ်လို့ တောင်းပန်စကားသာရှိသည်။ဟုတ်တယ် ထိုဦးလေးပြောသလို ဂျောင်ကုအသုံးမကျတာ!

ဂျောင်ကုကသာ တကယ့်တရားခံ!

အသုံးမကျတဲ့သူက အသက်တစ်ချောင်းကို မကယ်ပေးနိုင်ခဲ့ဘူး။

"ကျွန်တော်တို့ အကောင်းဆုံးကြိုးစားခဲ့တာပါ ဦးလေး~"

မျက်ရည်တွေစီးကျကာ ဘာတစ်ခုမှဝင်မပြောဘဲ လက်တွေတုန်နေသည့် ဂျောင်ကုကို ကြည့်ရင်း ဂျီမင်က ဝင်ပြောလာသည်။တကယ်လည်း အားလုံးအစွမ်းကုန်ကြိုးစားခဲ့တာ။လူနာက ဆေးရုံရောက်တဲ့အချိန်နောက်ကျသလို ဝေဒနာကို ကိုယ်က လက်မခံနိုင်ခဲ့ဘဲ ဖြစ်သွားခဲ့တာ။မတော်တဆလို့တောင် အမည်တပ်စရာမဟုတ်။သူတို့ တိတိကျကျနဲ့ လုပ်ဆောင်ခဲ့တာလေ။

BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )Donde viven las historias. Descúbrelo ahora