Bond of Love : 28

2.3K 197 137
                                    

Unicode

ဒီနေ့နေသာသည်။ဆောင်းဦးမို့ ချမ်းစိမ့်စိမ့်လေးပေမယ့် နေလို့ကောင်းသည်။သစ်ရွက်များကြားက တိုးဝင်ကာ ဖြာထွက်လာသည့် နေရောင်ခြည်ရဲ့အကူညီနဲ့ အပူလှိုင်းသေးသေးလေးကရှိနေပြန်သည်။သွားလာလှုပ်ရှားမှုများက ယနေ့မှထူထပ်နေခြင်းမှာ ဆောင်းဦးပွဲတော် ရှိခြင်းကြောင့်ဖြစ်သည်။နေ့နေ့ညည ဖိအားတွေကြား ကုန်လွန်ခဲ့ရတဲ့သူအဖို့ ဒီလိုနေ့လေးမှာတော့ စိတ်လွတ်လက်လွတ်အနားယူပစ်ခြင်းဖြစ်သည်။

ဆိုးလ်မြို့ရဲ့ အထင်ကရနေရာတစ်ခု။ခရီးသွားများကြား ရေပန်းစားကာ မြို့ခံများလည်း ပိတ်ပြောနေသည်။ခေတ်မှီတဲ့ နည်းပညာကိုသုံးကာ ရှေ့မူမပျက်စေဘဲ ထိန်းသိမ်းထားသည့် ဂိုဟန်နန်းတော်ဟောင်း။နန်းမြို့ရိုးဂိတ်ပေါက်ကို ကျော်လာသည်နှင့် ကိုယ်တိုင်ဟာ ထိုဂိုဟန်ပြည်ထဲရောက်သွားသလို ခေတ်နောက်ပြန်ဆွဲနိုင်သည်အထိပင်။များပြားလှတဲ့ ဝန်ထမ်းတွေကလည်း ခရီးသွားဧည့်သည်တွေကို မငြီးမငြူရှင်းပြကြသလို အပန်းဖြေရန် ထိုနားတွင် ဘန်ဂလိုအသေးစားများလည်း စီစဉ်ပေးထားသည်။

ဂျောင်ကု ဒီနေ့ ထိုနေရာကို တစ်ယောက်တည်းလာဖြစ်သည်။ဘာမှန်းမသိတဲ့စိတ်က သူ့ကိုမသွားလို့ မရအောင် ဆွဲခေါ်နေသလိုမျိုးကြောင့် အခါကြီးနေ့မှာ လာခဲ့ခြင်း။လူတွေက တအားများပေမယ့် သမိုင်းကြောင်းကို ရှင်းပြသည့်သူတွေရဲ့ ခေါ်ဆောင်ရာကြောင့် မှင်သက်ငေးမောလျက်သာ။

"ဒါက ဂိုဟန်ပြည့်ရှင်တွေရဲ့ အတ္ထုပ္ပတ္တိတွေပါ ~ စိတ်ဝင်စားဖို့ ကောင်းလိုက်တာနော် ~ ဟုတ်တယ်မလားဗျ ~"

"အင်း!"

စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြနေသော လမ်းညွှန်လေးရဲ့စကားကို ထောက်ခံစွာ ခေါင်းညိတ်လိုက်သည်။ထိုကောင်လေးပြောတဲ့အတိုင်းပင် သမိုင်းကြောင်းကစလို့ နန်းတော်တည်ဆောက်ပုံအဆုံး အကုန်လုံးက တကယ်ကို မလွဲချင်သာ။

စဝင်လာကတည်းက ကျယ်ပြန့်တဲ့ အုတ်ချပ်ကြီးတွေနဲ့ သေသပ်စွာအင်္ဂတေကိုင်ထားတဲ့ ကြီးမားမြင့်မားတဲ့ မြို့ရိုးကြီးက အရှိန်အဝါတစ်ခုကို ဖော်ညွှန်းနေသည်။နန်းဆောင်မကြီးလို့ပြောတဲ့ ဟောခန်းကျယ်တွေဆို တိုင်လုံးကြီးတွေကအစ ရွှေကနုတ်တွေကို အသေးစိပ်ထိုးတာတာ။ပြည့်ရှင်စံရာ ပုလ္လင်ကြီးဆို ရွှေရောင်ဖိတ်နေပြီး နောက်မှီထိပ်ဆုံးတွင် ပတ္တမြားတွေကလည်း ခပ်စိပ်စိပ်ပါသေး။

BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )Where stories live. Discover now