Unicode
"ဦးငယ်~"
ခေါ်သံသဲ့သဲ့က ဂျောင်ကုရဲ့ လုပ်လက်စတွေကို ရပ်စေသည်။ချက်ပြုတ်ပြီးလို့ ရေချိုးပြီးခါစမို့ ကြည်လင်နေတဲ့မျက်နှာလေးက အိမ်ထဲသို အမောတကော ပြေးဝင်လာသူရဲ့ မျက်နှာအား မြင်လိုက်ရစဉ် မျက်ဝန်းလေးတွေဟာ ပူပန်မှုတွေပြည့်နှက်သွားသည်။
"Kid ~ ဟင် မျက်နှာက ဘာဖြစ်တာလဲ? ရန်ဖြစ်လာတာလား?"
"ဒယ်ဒီနဲ့ နည်းနည်း~"
ဖြေတဲ့သူက ဂျောင်ကုကို တင်းနေအောင်ဖက်ထားကာ မျက်နှာအားမပြ။ဂျောင်ကု လည်တိုင်းအား အတင်းတိုးဝေ့သည်။သို့ပေမယ့် ကိုယ်ကမြင်ပြီးပြီလေ။ဘယ်လောက်ကြီးတဲ့ပြသနာဖြစ်လို့ နှုတ်ခမ်းထောင့်တစ်ဝိုက် နီရဲပြီး သွေးထွက်နေရသလဲ။ပြီးတော့ လျှပ်တပြတ်မြင်လိုက်ရတဲ့ ကောင်လေးရဲ့ မျက်ဝန်းတွေက ထိတ်လန့်နေသလိုဖြစ်နေသည့်အပြင် ရဲတက်နေသည်။မဟုတ်မှ ငိုထားတာလား။
ဂျောင်ကု သိချင်ပေမယ့် အခုချိန်ဟာ မေးဖို့မသင့်တာမို့ ဆေးထည့်ပေးဖို့သာအဓိက။
"ဆေးထည့်ရအောင် ကိုယ့်ကိုခဏလွှတ်အုံး~"
"ဦးငယ် ~ လက်ထပ်ရအောင်~ လက်ထပ်ပြီး အဝေးဆုံးကို ထွက်သွားကြမယ်~"
သေချာပြီ။ဒါ ဂျောင်ကုတို့နဲ့ပတ်သက်ပြီး အချေအတင်ဖြစ်လာတာ။ဆေးထည့်ပေးဖို့ကို လွှတ်မပေးဘဲ ဒီလိုတွေပြောနေပြီဆိုကတည်းက မှန်းတာမှန်နေပြီ။ဒါပေမယ့် ဂျောင်ကုဘက်ကရော မိသားစုကိုပြောပြဖို့ အင်အားရှိပြီတဲ့လား။
"Kidက ငယ်သေးတယ်လေ~ အခု ဒီတိုင်းလည်း ကိုယ်တို့ အဆင်ပြေတာပဲဟာ~"
"မငယ်ဘူး~ ကျွန်တော့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တယ်~ ဦးငယ်ကိုလည်း အကောင်းဆုံးထားနိုင်တယ်~အာ့ကြောင့် လက်ထပ်ရအောင်ကွာ~"
ချစ်နေကြပြီပဲ ဘာတွေလိုသေးမှာလဲ။ဒါပေမယ့် အခုလို ဦးငယ်ဆီက ငြင်းတာကြားရတော့ ထယ်ယောင်း မျှော်လင့်ချက်မဲ့သည်။ရင်ဘက်တစ်ခုလုံးလစ်ဟာသွားသည်။အဲ့ဒီငယ်တယ် ဆိုတဲ့စကားသံကို မကြားချင်လို့ ဒီကောင်က အရာအားလုံးကိုပြင်ဆင်ပြီး အလုပ်ကြိုးစားနေတာမလား။ဦးငယ်နဲ့ လ်ုက်ဖက်အောင် အနေအထိုင်ကအစ ဆင်ခြင်ပေးနေတာလေ။
![](https://img.wattpad.com/cover/281378799-288-k481590.jpg)
ŞİMDİ OKUDUĞUN
BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )
Hayran KurguTop : Kim Taehyung Bottom : Jeon Jungkook Start Date : 14 . 8 . 2023 End Date : 27 . 1 . 2024 #Nectarine #I don't own photos that contain in this fic.