Unicode
အပြန်လမ်းဟာ ထိုချာတိတ်လေးသိပ်ကြိုက်တဲ့Jazzသံစဉ်လေးနဲ့အတူ ငြိမ့်ငြိမ့်ကလေးပေါ့ပါးနေသည်။ခြံရှေ့ရောက်တော့ ကားတံခါးဖွင့်ကာ ဆင်းလာပြီး ခြံတံခါးဖွင့်ပေးဖို့ လုပ်သည်။သို့သော် ခြံတံခါး သံဗန်းကြီးရဲ့အစွန်းတွင် တွေ့လိုက်ရတဲ့ duty coatနဲ့သူကြောင့် မျက်မှောင်လေးတွေအလိုလိုကျုံ့မိသွားသည်။
"ဂျွန်~~"
နူးညံ့မှုအပြည့်နဲ့ ခေါ်သံက တစ်ချိန်ကသာဆို အရာအားလုံးပေးလိုက်ဖို့အထိ ဖြစ်ခဲ့ပေမယ့်အခုတော့ ဒေါသရိပ်သာလွှမ်းစေခဲ့သည်။
ဒီလူ ရောက်လာပြန်ပြီ။အရှက်မရှိတဲ့လူ။ဒီလောက် ရက်စက်ပြီးတာတောင် ဂျောင်ကုကို လွှတ်မပေးနိုင်သေးဘူး။
"ဘာလာလုပ်တာလဲ? အခုထွက်သွား!"
ဆေးရုံကနေ တန်းလာကာ စောင့်နေပုံပေါ်ပေမယ့် နည်းနည်းမှမကြိုဆိုမိတာမို့ လမ်းမဘက် လက်ညိုးထိုးကာ နှင်ထုတ်လိုက်သည်။သို့သော် ဒီလူက ဂျောင်ကုကို ကျော်ကြည့်ပြီး မျက်လုံးအရောင်တွေပြောင်းလာကာ...
"အဲ့တာ ဘယ်က ကောင်လဲ?ဘာလို့ညကြီးမိုးချုပ်ဘယ်ကမှန်းမသိတဲ့ကောင်နဲ့လျှောက်သွားနေရတာလဲ?"
"ဒေါက်တာကင်မ် သိဖို့မလိုပါဘူး~"
"လိုတယ် ! ကိုယ်က ဂျွန့်ရဲ့__"
"မပြောနဲ့ !ထွက်သွား! ခင်ဗျားမျက်နှာကို မမြင်ချင်ဘူး!"
တစ်ခါမမြင်ဖူးတဲ့ အဖိုးကြီးပေါက်စရဲ့ဒေါသတကြီးပုံစံလေးဖြစ်သည်။ခြံတံခါးသွားဖွင့်ပေးမယ်ပြောပြီး မလာတော့တာကြောင့် ထယ်ယောင်းပါ ဆင်းလိုက်လာလိုက်တာ။ဒီရောက်တော့ အငြင်းခုံဖြစ်နေကြသည်။ဘယ်လိုပတ်သက်လည်းတော့ မသိ အဲ့ဒီduty coatနဲ့လူက ပိုင်စိုးပိုင်နင်းပြောလွန်းနေပုံအရ နှစ်ယောက်သားဟာ မရိုးရှင်းမှန်းသိသည်။တော်ရုံစိတ်မဆိုးတတ်တဲ့သူက ဒီလူ့အပေါ် ခါးခါးသီးသီးဖြစ်နေပုံထောက်ရင် အမှားကြီးကြီးပြုမိထားပုံပဲ။
အတွေးထဲ ဒိုင်းခနဲဝင်လာတာ ပတ်သက်ဆက်နွယ်မှုတစ်ခု။အဖိုးကြီးပေါက်စကို စိတ်ဂနာမငြိမ်နဲ့ နှုတ်ခမ်းပါးတွေပါတုန်ယင်ကာ မျက်ရည်ကြည်တို့ဝေ့စေတဲ့ ဒီလူကို မြင်မြင်ချင်း စိတ်ထင့်နေမိသည်။ရင်ထဲက အမည်မသိတဲ့တင်းကြပ်မှုကပါ အလိုလိုကပ်ပါလာသည်။
YOU ARE READING
BOND of LOVE ( Taekook ) [ SEASON 2 ] ( Completed )
FanfictionTop : Kim Taehyung Bottom : Jeon Jungkook Start Date : 14 . 8 . 2023 End Date : 27 . 1 . 2024 #Nectarine #I don't own photos that contain in this fic.