1🌼 (Z&U)

3.6K 171 17
                                    

Uni

မြက်ခင်းပြင် စိမ်းလဲ့လဲ့  ပေါ်တွင်  ဖျာလေးခင်းကာ စာအုပ်ဖတ်နေသော ကောင်လေးတစ်ယောက် ။  အပေါ်မှ အုပ်မိုးထားသော ဧကရာဇ်ပင် နှစ်ပင်၏ အရိပ်ကြောင့်.
နေပူဒဏ် မခံရဘဲ အေးမြနေသည်။

မူလတန်းအရွယ် ထိုကောင်လေးသည် အခြားကလေးများကဲ့သို့ ဆော့ကစား နေမည့်အစား  ပုံပြင်စာအုပ်တွေ သာ ဖတ်နေလေသည်။ ဆံနွယ်ပျော့ပျော့ ဖွာဖွာလေးတွေက နားရွက်အထိ ဖုံးအုပ်နေကာ ဖုန်တွေသဲတွေနှင့် ဆော့ကစားထားခြင်းမရှိသော ခြေ လက်သေးသေးလေးတွေမှာ ဖွေးဥနေသည်။ 

ပုံပြင်စာအုပ်ကို ဖတ်နေသည့်အချိန်  အရှေ့ကို ရောက်လာသည့် ရွယ်တူ ကောင်လေးတစ်ယောက်ကြောင့် အပေါ်ကို မော့ကြည့်လာသည့် ကလေးငယ်။ အသားလတ်လတ် မျက်ခုံးထူထူနှင့် ရွှံ့ဗွက်တွေ ပေလူးနေသော ကောင်လေး ကို မြင်တော့ စာအုပ်ကို လွှတ်ချလိုက်ပြီး ဖွေးဖွေးဥဥလက်လေးတွေက. ရင်ဘတ်ကို အသာယာဖိကာ အသက်ပြင်းပြင်းရှူနေရင်းက အော်လိုက်သည်။

"အလင်္ကါမောင်... ဘာလာလုပ်ပြန်တာလဲ "

"ဒီမှာ.. ဆပ်.. မင်းအတွက် ယူလာတာ ဆပ်သွားဖူးပန်းတွေ     "

သွားဖွေးဖွေးတွေပေါ်အောင် ပြုံးရင်း ဖုန်မှုန့်တွေပေကျံနေသည့် လက်ဖြင့်  ကမ်းပေးလာသည်။

" မင်းကို မြင်ရင် အသက်ရှူ ကျပ်တယ်လို့ ပြောထားတယ်လေ အလင်္ကါမောင်...  "

ပြုံးရယ်နေသည့် မျက်နှာလေးက.. အနည်းငယ် ညှိုးသွားသယောင်ယောင်

"  ငါက.. ငါက.. မင်းနာမည်နဲ့ တူတဲ့ပန်း မို့လို့..  မင်းကို  ပေးချင်လို့ မေမေ့ဆီက တောင်းယူလာတာ  "

ဝမ်းနည်းနေသည့်အသံလေးဖြင့် မျက်နှာညိုကာ ပြောလာသည့်ကောင်လေး။

"မယူဘူး... ပြန်တော့.. ငါ့ကို လာမနှောင့်ယှက်နဲ့...     "

  ခပ်မာမာပြောပြီး ပုံပြင်စာအုပ်ကို ပြန်ကောက်ကိုင်လိုက်တော့
ပန်းတွေကို ပစ်ချကာ.. ခြံဝန်းထဲမှ ထွက်သွားသည်။

ဆပ်သွားဖူး... စာဖတ်နေသလိုလို ဟန်ဆောင်ရင်း ထွက်သွားသည့်ကောင်လေးရဲ့ ကျောပြင်ကို ခိုးကြည့်နေခဲ့မိသည်။

ပန်းဘွဲ့အလင်္ကါ (Completed  )Where stories live. Discover now