တစ်ဖက်ကွက်ပျစ်ဆီမှ ရယ်သံခပ်သဲ့သဲ့ကို တစ်ချက်တစ်ချက် ကြားနေရချိန် သူတို့နှစ်ယောက်ကတော့ ပြောစရာစကား ရှာမတွေ့။ အနေရခက်နေသလို အိုးတိုးအမ်းတမ်း အခြေနေကြောင့် သူ့ဘက်ကပင် စကားစပြောလိုက်ရသည်။
" ငယ်ထွေး "
"ဟင် "
" တိမ်မြူကင်းစင်နေတဲ့ စန္ဒာ လမင်းကို ကြည့်ပြီး ကဗျာ တစ်ပုဒ်လောက်များ ရွတ်ဆိုမပြချင်ပေ ဘူးလား "
" ... "
အကြမ်းရည်ခွက်ကို လက်က ကိုင်ရင်း ကောင်းကင်ဆီမော့ကြည့်လိုက်သော ငယ်ထွေး။ ခပ်ကော့ကော့မျက်တောင်ရှည်တွေဟာ လရောင်အောက်မှာ လင်းလက်နေသလိုပင်။
" စန္ဒနော် ဝင်းပလို့၊ သင်းဖြဖြ လေပြည်၊ အာကာဆီဝေဟင်နန်းမှာ၊ စုံညီစွာကြယ်တွေရံလို့ ၊ စံမြန်းသူ ကြင်သက်ထားရယ် ၊ မောင့်ရင်ခွင် သည်ရွှေနန်းမှာ နားခိုလှည့်ဦး.... "
( # ကာရန်တွေ နဘေတွေ သိပ်မစဥ်းစားဘဲ စိတ်ကူးမိသလို ရေးလိုက်တာ အမှားပါရင် နားလည်ပေးနော် )
" ငယ်ထွေး မှာ ထွေးပွေ့မိချင်တဲ့သူ ရှိနေပြီထင်တယ် "
" မဟုတ်ရပါဘူး .. နောင်ကြီးရာ သည်အတိုင်း ရွတ်ဆိုမိတာပါ "
" အဲ့သဟာဆို ငယ်ထွေးက ခုချိန်ထိ ကြင်နာမိသူ မရှိဘူးပေါ့ "
ကိုရင်ငကျိုင်းက မယ်နှင်းဥကို လူပျိုလှည့်နေစဥ် သူကပါ ငယ်ထွေးကို လူပျိုလှည့်နေသလိုလို
" နောင်ကြီးလည်း တစ်ပုဒ်လောက် ရွတ်ပြပါဦး "
" အိုး.. ကျုပ်က စာပေဘက်မှာ ပါရမီမပါဘူးလေ ငယ်ထွေးရယ်.. ဒါပေမယ့် အခုချိန်မှာ ရွတ်ပြချင်တဲ့ တစ်ပုဒ်တော့ ရှိတယ် ငယ်ထွေးလည်း သိမှတ်ဖူးမှာပါ ရှင်မဟာရဌသာရရဲ့ လက်စွမ်းတစ်ပုဒ်လေ... "
အကြမ်းရည်တစ်ခွက်မော့လိုက်ပြီးမှ ပြည့်ရွှန်းသည့် လမင်းကို ကြည့်ရင်း ရွတ်ဆိုလိုက်မိသည်။
" အိုဘယ့် ဘယ် အိုဘယ့် သမီးတော် ထင်ပေါ်ဘုန်းပျံ့သင်း...
အိုဘယ့် ဘယ် အိုဘယ့် သမီးတော် နတ်သော် ပုံမယွင်း
VOCÊ ESTÁ LENDO
ပန်းဘွဲ့အလင်္ကါ (Completed )
Ficção Históricaအလင်္ကါမောင်...ဆိုတဲ့ ကောင်က ရာသီအလိုက် ပန်းဘွဲ့တွေ သီကျူးနေတဲ့ ကောင် ... နွေရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. ကံ့ကော်ဦး.. ပိတောက်ဝါ ငုဝါ..... မိုးရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. စံပယ်ဖြူ.. ဇွန်လေးငုံ ဟော.. ဆောင်းရာသီမှာ တွဲခဲ့ဖူးတဲ့ သ...