" ကိုရင် မင်းထင်
ကိုရင်မင်းထင်ရေ "
ညနေခင်း မှောင်ရီပျိုးစအချိန် ကိုရင်ငကျိုင်း ရဲ့ ခေါ်သံကြောင့် အိမ်ပေါ်မှ ဆင်းလာခဲ့သည်။ ခြံဝန်းထဲ တွင် ဆီမီးတစ်ချို့ပင် ထွန်းညှိထားချေပြီ။ အဘကတော့ ပွဲတော်နီးပြီ ဖြစ်သဖြင့် အခြားရွာစားတွေနှင့် အစည်းအဝေးပွဲတွေတက်ရောက်နေရသည်။
" ကိုရင် ငကျိုင်း... ဘာကိစ္စရှိလို့လဲ "
" ကျုပ်နဲ့ တစ်နေရာကို လိုက်ခဲ့ပေးစမ်းပါ "
"ဘယ်ကိုလဲ ဗျ "
" ခင်တန်းရွာဘက် လူပျိုသွားလှည့်မလို့ "
" နေဦး ကျုပ်နည်းနည်းပါးပါး ပြင်ဆင်လိုက်ဦးမယ် "
" ကိုရင်ရာ မလိုပါဘူး ကိုရင့်ဥပဓိရုပ်က ခံ့ညားပြီးသား ပြင်ဆင်လိုက်ရင် မိန်းမပျိုတွေက ကျုပ်ဘက်လှည့်ကြည့်မှာတောင် မဟုတ်တော့ဘူး "
" ကဲပါ လာ သွားစို့ သွားစို့ "
လပြည့်ညမို့ လရောင်ကို အားကိုးကာ တစ်ဖက်ရွာဆီ ထွက်လာခဲ့ကြသည်။ ဟိုဘက်ရွာ သည်ဘက်ရွာ လူပျိုလှည့်ကြသည်မှာ အဆန်းတော့မဟုတ်။ လူကြီးမိဘတွေကလည်း မျက်စိရှေ့မှောက် တွင် လက်ခံစကားပြောခွင့်ပြုထားကြသည်။ ကိုရင်ငကျိုင်း သွားမည့်အိမ်ရှေ့ရောက်တော့ ခြေလှမ်းက တုံ့သွားသည်။
"ကိုရင်. သည်အိမ်လား "
"အင်း"
"ရွာစားရဲ့သမီးကို လူပျိုလှည့်မယ် "
"ဟုတ်ပါ့ဗျာ "
ကာလသားတွေလူပျိုလှည့်သည်ကို အသာတကြည် ခွင့်ပြုကြသည်ဆိုသော်ငြား...
ဤသည်မှာ သာမာန် ရွာသူရွာသားတွေ အတွက်သာ။ ရာထူးရာခံရှိလေသော ရွာစား မှာတော့ မတူပေ။ ခွင့်မပြုလိုပါက သူတို့ ဘာမှ တတ်နိုင်မည်မဟုတ်။" အဲ့သဟာကြောင့်... ကိုရင့်ကို အပါခေါ်ခဲ့ရတာပဲ ဗျို့... ရွာစားကြီး မျက်နှာကို ထောက်ထားသော အားဖြင့် ကျုပ်တို့ကို နှင်တော့ မထုတ်လောက်ပါဘူးဗျာ"
ကိုရင် ငကျိုင်း သူ့အား ခေါ်လာခဲ့ရသည့် ရည်ရွယ်ချက်ကို သိလိုက်ရပေပြီ။ ယခုမှတော့ မထူးတော့ ။ အိမ်ရှေ့တောင် ရောက်နေမှတော့ ဝင်လိုက်ကြရုံပေါ့။
YOU ARE READING
ပန်းဘွဲ့အလင်္ကါ (Completed )
Historical Fictionအလင်္ကါမောင်...ဆိုတဲ့ ကောင်က ရာသီအလိုက် ပန်းဘွဲ့တွေ သီကျူးနေတဲ့ ကောင် ... နွေရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. ကံ့ကော်ဦး.. ပိတောက်ဝါ ငုဝါ..... မိုးရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. စံပယ်ဖြူ.. ဇွန်လေးငုံ ဟော.. ဆောင်းရာသီမှာ တွဲခဲ့ဖူးတဲ့ သ...