34🌼U&Z

609 48 0
                                    

ဝင်လုဆဲဆဲနေမင်းက အဆောက်ဦးခပ်ကျဲကျဲကြားမှနေ၍ နောက်ဆုံးသောရောင်ခြည်တို့ကိုထုတ်လွှတ်နေခဲ့သည်။ ချိုင့်ခွက်မညီမညာနှင့်ကျောက်လမ်းမထက် နှစ်ယောက်အတူ လျှောက်ရင်း ဆေးရုံကနေ ပြန်လာခဲ့သည်။

ဆပ် တို့ ငှားနေသည့်အိမ်က ဆေးရုံနှင့်သိပ်မဝေး ။ တစ်ထပ်တိုက်အိမ်ငယ်လေးက သပ်သပ်ရပ်သပ်... ခြံဝန်းထဲတွင်လည်း ဆူးပုပ်ပင် ၊ ကင်ပွန်းချဥ်ပင်၊ ငှက်ပျောပင် ၊ ချဥ်ပေါင်ပင် စသည့် ဟင်းချက်စရာ အပင်မျိုးစုံကို စိုက်ပျိုးထားသည်။ ယောကျ်ားလေးတွေသာ နေသော အိမ်ဖြစ်၍ အိမ်အတွင်းဘက်မှာ ရှုပ်ပွနေသည်ကတော့ အမှန်။

ဆပ်ရဲ့အခန်းငယ်ကတော့ သန့်ရှင်းသပ်ရပ်နေသည်။ ခပ်ကျဥ်းကျဥ်းအခန်းငယ် ဖြစ်ပေမယ့် စာအုပ်စင်လေးပါ ရှိနေသည်။ တစ်ယောက်အိပ်ကုတင်ငယ်ပေါ်ဝယ်  လှဲချလိုက်တော့  ဆပ်က လက်မောင်းကို အသာရိုက်လာသည်။

"  ရေချိုးဦး.. သွား "

နှစ်ယောက်စလုံး ရေမိုးချိုးပြီးချိန်မှာတော့ ​မှောင်စပြုချေပြီ။ အတူနေသည့် အစ်ကိုတွေလည်း အိမ်ပြန်ရောက်လာကြပြီ။ အသံတွေဆူညံလို့  စနောက်ကြ ရယ်ကြ သီချင်းတွေအော်ဆိုကြ။ လွတ်လပ်ပေါ့ပါးနေသည်။

" ငဆပ် သူငယ်ချင်းရောက်နေတာလား  "

" ဟုတ်တယ် အစ်ကိုရေ.. ဒါနဲ့ မနက်ဖြန် သဘက်ခါ အစ်ကို့ရဲ့ Day off မလား  ကျွန်တော့်ကို လဲပေးပါဦးဗျာ  "

" ရတယ် ရတယ်..အစ်ကို သွားဆင်းပေးမယ်....သူငယ်ချင်းလာတုန်း လျှောက်လည်ကြ "

" ကျေးဇူးပဲဗျို့  ကျွန်တော်တို့ အပြင်မှာ သွားစားမလို့ အစ်ကို လိုက်ဦးမလား "

" တော်ပြီ... ရေအရင်ချိုးလိုက်ဦးမယ်ကွာ အပြန်ကျရင် တစ်ခုခုဝယ်ခဲ့တော့ "

ပုဆိုးတစ်ထည် ပုခုံးပေါ်တင်ကာ  အိမ်အနောက်ဘက်ကို ထွက်သွားတော့  သူတို့နှစ်ယောက်လည်း ဆိုင်ကယ်တစ်စီးနှင့် မြို့ထဲဘက် ထွက်လာခဲ့သည်။ လမ်းမီးတိုင်ကျဲကျဲကြောင့် လမ်းတစ်လျှောက် အလင်းရသည်ဆိုရုံသာ ။ ရှေ့ကမောင်းနေသည့် ဆပ်ရဲ့ခါးကိုသာ ဖက်တွယ်ရင်း လိုက်လာခဲ့သည်။ လမ်းသွယ်တစ်ခုထဲ ချိုးဝင်ပြီးနောက် ဆိုင်းဘုတ်မထင်မရှားနှင့်ဆိုင်တစ်ခုရှေ့မှာရပ်ကာ အထဲကိုဝင်ခဲ့ကြသည်။ ဆိုင်ရှေ့ဘက်မှာ မထိုင်ဘဲ အနောက်ဘက်ထိလျှောက်သွားသဖြင့်  ဆပ်သွားရာနောက်ကို ဟိုကြည့် သည်ကြည့်ဖြင့်လိုက်သွားမိသည်။

ပန်းဘွဲ့အလင်္ကါ (Completed  )Where stories live. Discover now